1 w - Translate

အစ္စလာမ် မာကာရှက်ဖ် ထွက်ရှင်းပြီ!!
********
မေး - နှစ်ထပ်ကွမ်းချန်ပီယံ ဖြစ်ချင်တဲ့ အိပ်မက်အကြောင်းပြောနေခဲ့တာတော့ ကြာပြီဆိုတာ သတိထားမိပါတယ်။ ဘာဖြစ်လို့ အခုမှ အဲဒီ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်ရတာလဲ။
မာကာရှက် - အခုချိန်က အချိန်ကောင်းပါပဲ။ ကျနော်က ဆာရူခရန်ကို စောင့်နေခဲ့တာပါ ဘာလို့လဲဆိုတော့ သူက နပန်းကစားပုံကောင်းတယ်လေ။ ပရိသတ်တွေကလဲ ဒီပွဲကို မြင်ချင်ကြပါတယ်။ သူက နောက်ဆုံးအချိန်ရောက်မှ နှုတ်ထွက်သွားတော့ ဒီဝိတ်တန်းမှာ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ တွဲဆိုင်း အလားလာက မမြင်မိတော့ပါဘူး။
ဒါ့ကြောင့် ဝိတ်တန်းတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဝယ်သာဝိတ်တန်းမှာကလဲ ချန်ပီယံသစ် ပေါ်လာပြီ။ ဖိုက်တာကောင်းတစ်ယောက်က ချန်ပီယံသစ်ဖြစ်လာတာမို့ ကိုယ့်အနေနဲ့ ဒီပွဲထိုးဖို့ ထရိန်နင်တွေလဲ ပိုလုပ်ဖြစ်တယ် ၊ နေ့တိုင်းလဲ ဒီအကြောင်းပဲ ခေါင်းထဲ စဉ်းစားမိနေပါတယ်။
မေး - ဟန်တာ ကမ့်ဘဲလ်က ဒါဂက်စ်တန်ကို လာသွားတာ မေလ ၆ ရက် ဖြစ်မယ်ထင်တယ်။ အဲဒီတုန်းက ခင်ဗျားအဖွဲ့နဲ့တွေ့ပြီး ဘာတွေ ပြောဆိုဆွေးနွေးသွားတာလဲ။
မာကာရှက်ဖ် - သူ့ခရီးစဉ် နဲ့ ပတ်သက်လို့ လူတိုင်းက တိုပူရီးယား နဲ့ ပွဲဖြစ်အောင် လာညှိတယ် ဆိုပြီး ထင်မှတ်နေကြတာပါ။ တကယ်တော့ ကျနော်တို့ ပြောဖြစ်တဲ့ အကြောင်းရာက ဝယ်သာဝိတ်တန်း ချန်ပီယံခါးပတ် စိန်ခေါ်ပွဲမှာ ဘယ်သူက အနိုင်ရသူဖြစ်နိုင်မလဲ ၊ ဘာတွေ ဆက်လုပ်သင့်တယ်ဆိုတဲ့ အကြောင်းရာကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။
သူပြောတာက ဘီလာမူဟာမက် က မင်းရဲ့ ဘော်ဒါရင်း ဖြစ်နေတာ နားလည်တယ်။ ဒါပေမယ့် ဒါက အားကစားပဲလေ။ ပွဲပြီးရင် လက်ဆွဲနှုတ်ဆက် ၊ လေးစားမှု အပြည့်ထား ၊ ဘယ်သူက ကမ္ဘာ့အကောင်းဆုံး ဖိုက်တာလဲ ဆိုတာ မှတ်ကျောက်တင်ကြမယ်လေတဲ့။ ဒီအကြောင်းကို အတော်ကြီး အကြိတ်နယ် ဆွေးနွေးဖြစ်ခဲ့တာပါ။
ကျနော် ပြန်ပြောတဲ့ အချက်က ဘီလာ vs. မက်ဒါလီနာ ပွဲရလာဒ်ကို စောင့်ကြည့်ကြတာပေါ့။ အဲဒီပွဲပြီးမှ ဆက်ပြောကြမယ်ဆိုပြီး တုန့်ပြန်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ပွဲထိုးပြီးတာနဲ့ ဟန်တာ ကမ့်ဘဲလ် က ကျနော့်ရှိနေတဲ့ အခန်းထဲ တန်းလာပါတယ်။ အခုက အချိန်ကောင်းပဲ ၊ ဝိတ်တန်း တက်ထိုးမယ်ဆိုရင် ဘယ်အချိန်က အကောင်းဆုံးဖြစ်မလဲ ဆိုတာ ငါ့ကို အချိန်မရွေး လှမ်းအသိပေးလို့ရတယ် ဆိုပြီး လမ်းဖွင့်သွားတာပါ။
မေး - နားထဲ သိပ်မရှင်းတာက အဲဒီပွဲ မထိုးခင် အချိန်လေးမှာ မင်းက "လိုက်ဝိတ် ချန်ပီယံ ခါးပတ်ကို လက်လွှတ်မှာ မဟုတ်ဘူး" ဆိုပြီး စတေးတပ် တင်ခဲ့တယ်နော်။ အခု လက်လွှတ်လိုက်ပြီဆိုတော့ နောက်ကွယ်က ဘယ်လို အကြောင်းရာမျိုးလဲ ပြန်ပြီး ရှင်းပြပါဦး။
မာကာရှက်ဖ် - ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော့် အတွေးမှာ ဘီလာပဲ သေချာပေါက် အနိုင်ရမယ်လို့ မှတ်ယူထားခဲ့တာပါ။ ဒါပေမယ့် မက်ဒါလီနာ က အနိုင်ရသွားတော့ ဝိတ်တန်းတက်ဖို့ပဲ ဆုံးဖြတ်ချက် တန်းချလိုက်ပါတယ်။

image