1 ပတ် - ဘာသာပြန်ပါ။

❝ အင်တွန်ချက်ကော့ဗ် (၁၈၆၀ - ၁၉၀၄) ❞
_ _ _ _ _ _ _ _ _ _ _
၁၉ ရာစုနှောင်းပိုင်းတွင်
တော်လ်စ်တွိုင်း၊ ဒေါ်စတိုယက်စကီ၊ ဂိုဂိုလ်း၊
ပွတ်ရှ်ကင်၊ တူရဂီနက်ဗ် တို့နှင့်အတူ
ခေတ်ပြိုင်ဝတ္ထုတို စာရေးဆရာအဖြစ်
ကမ္ဘာကျော်ခဲ့သည်။
မော်စကိုဆေးတက္ကသိုလ်မှ(၁၈၇၉ - ၁၈၈၄)
တွင် ဆရာဝန်ဘွဲ့ ရပြီးသော်လည်း
နားကြပ်မကိုင်ဘဲ ကလောင်ကိုင်ခဲ့သူဖြစ်သည်။
ဝတ္ထုတိုပေါင်း ၅၂၂ ပုဒ် ရေးခဲ့ပြီး
ဝတ္ထုရှည် ၁ ပုဒ်၊ ပြဇာတ် ၁၆ ပုဒ် ရေးခဲ့သည်။
သူ၏ ဂန္ထဝင်ဝတ္ထုတိုနှင့် ပြဇာတ်များသည်
ယနေ့တိုင် (နှစ်ပေါင်း ၁ဝဝ ကျော်)
နိုင်ငံတကာတွင် ရိုက်နှိပ်နေကြရဆဲ၊
ဖတ်နေကြရဆဲ ဖြစ်သည်။
သူ့ပြဇာတ်များမှ သရုပ်ဆောင်မင်းသမီး
အိုလ်ဂါ (၁၈၆၆ - ၁၉၅၉) နှင့် လက်ထပ်ပြီး
သုံးနှစ်သာ ပေါင်းလိုက်ရသည်။
၁၉ဝ၄ ခုနှစ် အသက် ၄၄ နှစ် အရွယ်သာ
ရှိသေးသည့် ချက်ကော့ဗ်သည်
အဆုတ်ရောဂါဖြင့်
ကွယ်လွန်သွားသောကြောင့် ဖြစ်သည်။
စီးသွင်အားကောင်းဆဲ
အနုပညာရေအလျင်သည်
စောစီးစွာ ရပ်တန့်သွားခဲ့ရလေသည်။
× × × × × × × × × ×
▫️ချက်ကော့ဗ်၏ လက်ရွေးစင်ဝတ္ထုတိုများ▫️
▪️တင်မောင်မြင့်▪️

image