PEACE FORUM 2025 ငြိမ်းချမ်းရေးအခင်းအကျင်းနဲ့ ရွေး ကောက်ပွဲအလားအလာ သုံးသပ်ဆွေးနွေးပွဲ နောက်ဆုံးနေ့ အဖွဲ့ ၂ ရဲ့ ဆွေးနွေးမှုမြင်ကွင်းများ
နေပြည်တော်၊ ဇွန်- ၂၇- ၂၀၂၅
SA(VOM)
နေပြည်တော်က မင်္ဂလာသီရိဟိုတယ်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဦဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေးအခင်းအကျင်းနဲ့ ရွေး ကောက်ပွဲအလားအလာ သုံးသပ်ဆွေးနွေးပွဲ Peace Forum 2025 အခမ်းနား နောက်ဆုံးနေ့အဖြစ် ဆွေးနွေးနေကြပြီဖြစ်ပါတယ်။
ဆွေးနွေးမှု အခမ်းအနားကို အဖွဲ့ နှစ်ခုခွဲထားပြီး အဖွဲ့ ၂ မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၁ ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရဲ့ အကြံပေးအဖွဲ့ ၃ ဦး၊ ဒုတိယဝန်ကြီး ၁ ဦး၊ တပ်မတော်အငြိမ်းစားအရာရှိကြီး ၄ ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁ ဦး၊ JMC အဖွဲ့ဝင် ၈ ဦး၊ DG များ ပါမောက္ခ ၁၂ ဦး၊ နိုင်ငံရေးပါတီကိုယ်စားလှယ် ၃၄ ဦး၊ EAO အဖွဲ့အစည်းကိုယ်စားလှယ် ၈ ဦး၊ ငြိမ်းချမ်းရေး ပါဝင်ဆောင်ရွက်သူ ၉ ဦး၊ ပါဝင်သင့်ပါဝင်ထိုက်သူ ၁၉ ဦး၊ အသင်းအဖွဲ့တွေက ၇ ဦး၊ INGO- NGO ၇ ဦး၊ လေ့လာသူ ၆ ဦး စုစုပေါင်း ၁၂၄ ယောက်တို့ ပါဝင်ဆွေးနွေးနေတာဖြစ်ပါတယ်။
