မင်း မဖြစ်ချင်တာတွေ တွေးပါများရင် မင်း မဖြစ်ချင်တာ တွေ ဖြစ်လာလေလေပဲ ။ မင်း အိပ်မပျော်ဘူးလို့ တွေးပါများလေလေ ပိုပြီး အိပ်မပျော်လေလေပါပဲ ။ ဘယ်အရာမှာမဆို အတွေးကနေ စပါတယ် ။ အတွေးကနေ အလုပ်ကိုဖြစ်စေတယ် ။ အလုပ်ကနေ ရလာဒ်ကို ဖြစ်စေတယ် ။
ဒါကြောင့်မို့ ခက်ခဲတဲ့ကာလတွေမှာ ဘာကိုမှ Control လုပ်မနိုင်ရင်တောင် ကိုယ့်အတွေးကို ကိုယ်တိုင်က Control လုပ်နိုင်တယ်ဆိုတာကို သိဖို့အရေးကြီးပါတယ် ။ ဆိုလိုတာက ကျွန်တော်တို့မှာ ထိန်းချုပ်မရတဲ့ အခြေအနေတွေ ၊ ဖြစ်ရပ်တွေ အများကြီး ရှိပါတယ် ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ထိန်းချုပ်လို့ ရတာတွေလည်း ရှိပါတယ် ။
အဲ့ဒီအရာက ကိုယ့်အတွင်းစိတ်ထဲမှာရှိနေတဲ့ အရာတွေပါ။ ဒီထဲမှာ အတွေးနဲ့ အာရုံစိုက်တဲ့အရာတွေ ပါပါတယ် ။ ပထမဆုံး ကျွန်တော်တို့ အာရုံစိုက်တဲ့နေရာကနေ စရပါလိမ့်မယ် ။ တစ်နေ့တာတိုင်း ကိုယ်ဘာတွေ အာရုံစိုက်နေလဲ၊ Social Media မသုံးနဲ့မဟုတ်ဘူး ။ သုံးပါ ။ သို့သော် Social Media မှာ နေ့စဉ် ဘာတွေကြည့်နေလဲ၊ ဒါက အာရုံစိုက်တဲ့အရာတွေပါ ။ ဒီ အာရုံစိုက်တာကနေ စပြီးတော့ အတွေးကို ဖြစ်စေပါတယ် ။
များသောအားဖြင့် Negative တွေ အာရုံစိုက်ပါများရင် Negative အတွေးတွေဖြစ်မယ် ။ Positive ဖြစ်မယ့်အရာတွေ အာရုံစိုက်ပါများရင် ကောင်းတဲ့ အတွေးတွေ ဖြစ်လာမယ် ။ ဒါက ရိုးရှင်းတဲ့ Processပါပဲ ။

image