1 ပတ် - ဘာသာပြန်ပါ။

"ကျနော်နော်က ဗန်ရဲ့ပရိသတ်ပါ" #ဘရန်ဒန်ရိုဗာ
------------
"ဗန်နဲ့ပြောင်းလဲ ပွဲဖြစ်လိုက်တဲ့အတွက်ကြောင့်ပဲ ကျနော့်တွဲဆိုင်းက Main Card ခေါင်းစဉ်အောက်ကို ရောက်သွားတယ်လေ။ ဒါက ကျေနပ်စရာကောင်းတဲ့ အချက်ပေါ့။ သူ့ကစားပုံက စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒီကစားနည်းရဲ့ ပရိသတ်တစ်ယောက်ဖြစ်နေတာ ကိုယ့်ကိုယ်ကို မကျေနပ်မိဘူးဗျာ။
လွန်ခဲ့တဲ့ ၃ ပတ်လောက်က ဗန် ပွဲကြည့်ရင်း ၊ ငါတို့ဆီမှာ နောက်ထပ် စောင့်ကြည့်ရမယ့် ဖိုက်တာတစ်ယောက်ပေါ်လာပြီဆိုပြီး ပြောနေတုန်းမှာပဲ သူနဲ့ ပွဲထိုးရတော့မယ်လေ။ အဲဒီတော့လဲ ဆော်ကြတာပေါ့။ ကျနော်က သူထိုးတဲ့စတိုင်ကို တကယ်သဘောကျတာပါ။
စိတ်ထဲမှာတော့ ပြိုင်ဘက်ကောင်းတစ်ယောက်နဲ့ အမှန်ကန်ဆော်ရတော့မယ်လို့ မှတ်ယူထားပါတယ်။ ရင်ဆိုင်ကစားဖို့ ခက်ခဲတဲ့ ပြိုင်ဘက်မျိုး ၊ ကိုယ့်ဆီမှာ ရှိနေတဲ့ အခြေနေကောင်းတွေ အားလုံးကို လက်လွှဲရယူဖို့ ကြိုးစားမယ့် ပြိုင်ဘက်မျိုးနဲ့ ထိုးရမှာ ဖြစ်ပါတယ်။ ပြောရရင် သူ့အတွက် ဘာဆုံးရှုံးစရာမှ မရှိသည့်တိုင်အောင် ၊ ကျနော့် အတွက်တော့ အန္တရာယ်များလွန်းတဲ့ တက်လူဖိုက်တာနဲ့ ရင်ဆိုင်ရတာပါ။
ဒီပွဲကနေ သူ့အနေနဲ့ ဘာမှ ဆုံးရှုံးစရာမရှိပါဘူး။ ရလာမယ့် အရာရာတိုင်းက အမြတ်တွေချည်းပါပဲ။ ကျနော်ကတော့ ရှုံးလိုက်တာနဲ့ အခြေနေကောင်းတွေ အားလုံး ဆုံးရှုံးသွားမှာပါ။ အဲဒီတော့ စိုးရိမ်စရာကောင်းတဲ့ အနေထားတစ်ခုပေါ့။
ကျနော့်အထင် ဒီပွဲက Ranking သတ်မှတ်ချက် အဆင့် ၁၀ အပြင်ဘက်က ဖိုက်တာမျိုး ပထမဆုံး ထိုးရခြင်း ထင်ပါတယ်။ Ranking သတ်မှတ်ချက်တွေကဘယ်လိုမှန်းလဲ တိတိကျကျ မသိပါဘူး။ ဒါပေမယ့် ကျနော့်အတွက် အတော်ကို စွန့်စားမှု ကြီးမားတဲ့ ပွဲတစ်ပွဲဆိုတာတော့ နားလည်ထားပါတယ်"
ဘရန်ဒန်ရိုဗာ ရဲ့ ပွဲကြို ပြောစကား

image