စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး၏
ရသဆောင်းပါးပေါင်း ၅၀ ကျော်ကို
စုစည်းထုတ်ဝေထားခြင်း ဖြစ်သည်။
မြန်မာ့အလင်း (၁၉၃၆-၃၇)တွင်‘အမျိုးသမီးများ
ဏကြီးသတ်ဉာဏ် ရှိကြရန်’ ဆောင်းပါးဖြင့်
စာပေလောကထဲ့သို့ စတင်ရောက်ရှိ လာခဲ့ပြီး
ဂျာနယ်ကျော်ထုတ်ဝေသူ၊ ဂျာနယ်ကျော်နှင့်
ပြည်သူ့ဟစ်တိုင်သတင်းစာ အယ်ဒီတာဖြစ်ခဲ့သူ
စာရေးသူသည် ထင်ရှားသော ဝတ္ထုရှည်
များစွာကိုလည်း ရေးသားခဲ့သည်။
ရှုမဝ၊ ကလောင်ရှင်၊ သွေးသောက်၊ စန္ဒာ စသည့်
ဂျာနယ်နှင့် မဂ္ဂဇင်းတို့တွင် ဖော်ပြခဲ့ပြီးဖြစ်သော ဆောင်းပါးများစွာပါဝင်ပြီး စာရေးသူ ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံများ၊ ခရီးသွား
မှတ်တမ်းများနှင့် လေ့လာသုံးသပ်ချက်များစွာတို့ကို ရေးသားဖော်ပြထားသည်။ ခင်ပွန်းသည်
ဂျာနယ်ကျော်ဦးချစ်မောင် ဝယ်ယူစုဆောင်းခဲ့သည့် စာအုပ်ပေါင်းများစွာကို မြတ်နိုးလွန်းသဖြင့် နေရာထိုင်ခင်းပြောင်းရွှေ့တိုင်း သယ်ဆောင်ခဲ့ပုံများ၊ နိုင်ငံတစ်ခု အတွက် အနာဂတ်ဖြစ်သည့် မြန်မာပြည်၏ ပညာရေးစနစ်ကို လေ့လာဆန်းစစ်ထားပုံများ၊ ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ခြင်းကိစ္စရပ်များအပြင် စာရေးသူ၏ လူမှုကိစ္စ အထွေထွေနှင့် စာပေခရီးဖြတ်သန်းမှုများကိုလည်း ဖတ်ရှုရမည်ဖြစ်သည်။ ထို့နောက် ကမ္ဘာ့နိုင်ငံရေးကွန်ဂရက်၏ ဒုဥက္ကဋ္ဌအဖြစ် စာရေးသူ ဟီရိုရှီးမားသို့သွားရောက်၍ အဏုမြူဗုံးဆန့်ကျင်ရေးကောင်စီ လူထုအစည်းအဝေးပွဲတက်ရောက်စဉ်က အတွေ့အကြုံ များကိုလည်း ရှင်းလင်းတင်ပြထားသည်။ သုတ၊ ရသ စုံလင်စွာ ဖတ်ရှုနိုင်မည့် ဆောင်းပါး ပေါင်းချုပ်ဖြစ်သည်။
◾စာညွှန်း - အပါးတော်မြဲ / မှ
• ဂျာနယ်ကျော်မမလေး
• ဆောင်းပါးပေါင်းချုပ်
