1 ပတ် - ဘာသာပြန်ပါ။

AI app ရေးပြီး ၆ လအတွင်း ဒေါ်လာသန်း ၈၀ ရှာနိုင်ခဲ့သူ
ဒီအစ္စရေး developer လုပ်သွားတာ တော်တော်မိုက်တယ်။
သူရေးတဲ့ app က coding သိစရာမလိုဘဲ prompts ရေးရုံနဲ့ app ထုတ်နိုင်တဲ့ AI app builder လိုမျိုး။ AI ကို စာရေးပြီး app ထုတ်ခိုင်းတဲ့ ပလက်ဖောင်းမျိုးပါ။ ဒီ app ကို Base44 လို့ နာမည်ပေးထားပါတယ်။ Base44ထုတ်ဖို့လည်း လူနည်းနည်းပဲ သုံးပါတယ်။ ဝန်ထမ်းက ၈ ယောက်တည်းပါ။
မက်ရာ ရှလိုမိုရဲ့ app ထွက်ပြီး ပထမသုံးပတ်အတွင်းမှာတင် users ၁ သောင်းရပါတယ်။ အခုဆို အသုံးပြုသူ ၂ သိန်းခွဲအထိ ရှိနေပါပြီ။ ဒီ app က တော်တော်လည်း ပိုက်ဆံရှာပေးတဲ့ app ပါ။ LLM token စရိတ်အပြီးအစီး မေလတစ်လတည်းတင် အမြတ်ဒေါ်လာ ၁၈၉၀၀၀ ထွက်ပါတယ်။
ရှလိုမိုကတော့ သူ့ app ကို ၆ လပဲ run ပြီးနောက် funding တွေ ဘာတွေ ရှာမနေဘဲ Wix ကို ဒေါ်လာသန်း ၈၀ နဲ့ လုပ်ငန်းရောင်းပါတယ်။ Wix ကလည်း no-code tool တွေ ထုတ်ပါတယ်။ အခု Base44 ကို ဝယ်ပြီး သူ့ products ကို အားကောင်းအောင် လုပ်တော့မှာပါ။
Wix မှာ ရှလိုမိုက ဝန်ထမ်းဖြစ်သွားပေမယ့် အရင်အတိုင်းပဲ ဆက်သွားကြမယ်လို့ သူ့လူတွေကို ပြောထားပါတယ်။ Wix ကလည်း ရှလိုမိုရဲ့ အဖွဲ့သား ၈ ယောက်ကို သူ့ကုမ္ပဏီမှာ ဆက်မြဲစေဖို့ ဒေါ်လာ သန်း ၈၀ ထဲကနေ ဘောနပ်စ် ဒေါ်လာ ၂၅ သန်း ခွဲပေးမှာပါ။
လုပ်ငန်းအောင်မြင်မှုပေါ်လိုက်ပြီး နောက် ၄ နှစ် (၂၀၂၉ခုနှစ်) အထိ Wix ဆီကနေ ရှလိုမိုတို့က အကျိုးအမြတ်ထပ်ရဦးမှာပါ။ ရှလိုမိုက Base44 ကို တစ်ယောက်တည်း ထောင်ထားတာ ဖြစ်လို့ အကျိုးအမြတ်အတွက် တခြားရှယ်ယာရှင်ကို ခွဲပေးစရာမလိုပါဘူး။
အသက် ၃၁ နှစ်အရွယ် ရှလိုမိုရဲ့အိုင်ဒီယာဟာ တစ်ကိုယ်တော် ယူနီကွန်းမျိုးဆက်ဆိုတဲ့ အယူအဆကို ထပ်ဟပ်နေပါတယ်။

image