1 w - Translate

မျက်စိကွယ်သူတွေကို ပြန်မြင်စေမယ့်နည်းပညာ စမ်းသပ်မယ့် အီလွန်မတ်စ်

နောက် ၆ လ နဲ့ တစ်နှစ်အတွင်း Neuralink က မျက်မမြင်ကမ္ဘာကို ပြောင်းလဲပစ်မယ့် နည်းပညာတစ်မျိုး စမ်းတော့မှာပါ။

ဒီနည်းပညာကို Blindsight လို့ ခေါ်ပါတယ်။ Blindsight လို့ ခေါ်တဲ့ device က Neuralink ရဲ implant တစ်မျိုးပါ။ ဦးနှောက်ရဲ့ အမြင်အာရုံဖမ်းယူတဲ့အပိုင်းထဲ အင်မတန်သေးတဲ့ မိုက်ခရိုအီလက်ထရုဒ်ပါ chip ထည့်ပြီး အပြင်က ပုံရိပ်ဖမ်းစက်နဲ့ချိတ်ပြီး အမြင်အာရုံကို ဖန်တီးတာပါ။

မျက်မမြင်တွေကို အမြင်အာရုံပြန်ရစေမယ့် နည်းပညာလို့ ပြောရမှာပါ။ Blindsight က စစချင်း မြင်ရတဲ့ မြင်ကွင်းက ရုပ်ထွက်ကြည်လင်ပြတ်သားမှု နည်းပေမယ့် ကြာလေလေ အမြင်အာရုံထက်မြက်လေလေ ဖြစ်မယ်လို့ ဆိုပါတယ်။

အီလွန်မတ်စ်ပြောတဲ့အတိုင်းဆို တချိန်မှာ ဒီ implant က စူပါမန်းတစ်ယောက်ရဲ့ အမြင်မျိုးတောင် ပိုင်ဆိုင်မယ့် နည်းပညာပါ။ လောလောဆယ်အထိ Blindsight နည်းပညာက မျောက်တွေနဲ့ စမ်းသပ်အောင်မြင်ပြီးသားပါ။ implant ထည့်ထားတဲ့ မျောက်တွေလည်း ကျန်းကျန်းမာမာပဲလို့ ပြောပါတယ်။

Blindsight က FDA ရဲ့ Breakthrough device designation ခွင့်ပြုချက်လည်း ရပြီးသားပါ။ လူတွေဆီမှာ စမ်းသပ်ဖို့တော့ နောက် ၆ လနဲ့ တစ်နှစ်အတွင်း ဖြစ်ဖို့ မှန်းထားပါတယ်။ Neuralink က ဒီနှစ်ထဲတင် အမေရိကန်မူပိုင်ခွင့်ရုံး USPTO မှာ Telepathy , Blindsight နဲ့ Telekinesis ဆိုတဲ့ နည်းပညာ သုံးမျိုး တင်ထားပါတယ်။

Telepathy က အတွေးနဲ့ အရာဝတ္ထုတွေ ထိန်းချုပ်နိုင်တဲ့ BCI နည်းပညာ ဖြစ်ပြီး Telekinesis နည်းပညာကလည်း Telepathy ဆန်ဆန် စိတ်နဲ့ ထိန်းချုပ်တဲ့ နည်းပညာမျိုးပါ။ Neuralink က ကိုယ်တပိုင်းသေဝေဒနာရှင်တွေကို BCI နည်းပညာ ဖြစ်တဲ့ Link implant ထည့်ပြီး ကုရာမှာ အောင်မြင်မှုတွေ ရထားပါတယ်။

တကယ်လို့ Blindsight လည်း အောင်မြင်မယ်ဆိုရင် မျက်မမြင်တို့ ကမ္ဘာဟာ အကြီးအကျယ်ပြောင်းလဲတိုးတက်လာတော့မှာပါ။

image