1 ပတ် - ဘာသာပြန်ပါ။

Apple products တွေ တရုတ်မှာ ယွမ် ၂၀၀၀ အထိ Discount ချနေ
တရုတ်ဖုန်းဈေးကွက်မှာ Apple က မော်ဒယ်ပေါ်လိုက်ပြီး ယွမ် ၂၀၀၀ အထိ လျှော့ဈေးတွေနဲ့ ဝယ်သူတွေ ဖိတ်ခေါ်နေပါတယ်။
တရုတ်မှာက ဈေးကွက်ပြိုင်ဆိုင်မှု ကြမ်းတမ်းပါတယ်။ ဈေးနှုန်းချင်း ယှဉ်ပြီး သူ့ထက်ငါ ဝယ်သူအလုအယက်ခေါ်ကြတာပါ။ ဒီဈေးကွက်မှာ Apple လို လျှော့ဈေးမထားတဲ့ကုမ္ပဏီ ရောင်းအားကျတာ သိပ်တော့ မဆန်းပါဘူး။
အပြိုင်အဆိုင်များတဲ့ တရုတ်မှာ ဈေးကွက်နေရာရနိုင်ဖို့ ဒီနှစ် တရုတ်အစိုးရထောက်ပံ့ကြေးအစီအစဉ်မှာ Apple က ပထမဆုံးအကြိမ် တိုက်ရိုက်ပါလာပါတယ်။ အစိုးရထောက်ပံ့ကြေးဆိုတာက ဈေးကွက်ဝယ်လိုအားတက်အောင် ဒစ်ဂျစ်တယ်ထုတ်ကုန်ဝယ်သူတွေကို Discount ပုံစံနဲ့ ထောက်ပံ့ပေးတာပါ။ ဥပမာ - ယွမ် ၆၀၀၀ အောက် ပစ္စည်း(ဖုန်း ,တက်ဘလက် ,ကွန်ပျူတာ စသည်ဖြင့်) ဝယ်ရင် ၁၅% လျှော့ဈေးနဲ့ အများဆုံး ယွမ် ၅၀၀ အထိ ဈေးသက်သာတာမျိုး ဖြစ်ပါတယ်။
ဒီအစီအစဉ်က တရုတ် e-Commerce ပလက်ဖောင်းတွေ ၊ လက်လီအရောင်းဆိုင်တွေကနေတစ်ဆင့် ပေးလေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာ Apple ရဲ့ Official အွန်လိုင်းစတိုးနဲ့ လက်လီအရောင်းဆိုင်တွေပါ အခုအစီအစဉ်ထဲ ပါလာတာပါ။ Apple ရဲ့ တရုတ်ဝက်ဘ်ဆိုက်မှာ တင်ထားပုံအရ သူတို့ဆီက တိုက်ရိုက်ဝယ်ရင် Device မော်ဒယ်ပေါ်လိုက်ပြီး ယွမ် ၂၀၀၀ (၂၇၈ ဒေါ်လာ) အထိ လျှော့ဈေးရမယ်လို့ ဆိုပါတယ်။
Apple က အခုနှစ် ပထမ ၃ လပတ် တရုတ်ဈေးကွက်မှာ iPhone တင်ပို့မှု ၉% ကျဆင်းထားတာပါ။ Huawei , Xiaomi , vivo , OPPO စတဲ့ ပြည်တွင်းကုမ္ပဏီတွေ ရောင်းအားတက်နေချိန်မှာ Apple တစ်ခုပဲ ရောင်းအားကျခဲ့တာလည်း ဖြစ်ပါတယ်။
အခု Discount တွေကနေ Apple ရောင်းအားကို ဆွဲတင်နိုင်ဖို့ ရှိပါတယ်။

image