Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား
Meta ကနေ Scale AI အပေါ် ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။
Google အနေနဲ့ Scale ကို ဒေါ်လာ ၂၀၀ သန်းနီးပါး သုံးဖို့စီစဉ်ထားပြီး AI training အတွက် Annotation ဝန်ဆောင်မှုတွေကို ယူမယ်ဆိုတာရှိတယ်။ Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုနဲ့ Scale Founder ခေါ်ယူမှုသတင်းတွေတက်လာပြီး နောက်ရက်မှာပဲ Scale က သိပ်လွတ်လပ်တော့မယ်မထင်တဲ့အတွက် Google က တခြား vendor တွေနဲ့ ဆွေးနွေးနေပြီး ဆက်ဆံရေးဖြတ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။
