1 w - Translate

ခြင်တစ်ကောင်အရွယ်အစားမျှသာရှိသည့် Drone
တရုတ်အမျိုးသားကာကွယ်ရေးနည်းပညာတက္ကသိုလ် (NUDT) မှခြင်နှင့်ဆင်တူသည့် အသေးစားဒရုန်းကို စစ်မြေပြင်ထောက်လှမ်းရေးပြုလုပ်နိုင်ရန်အတွက် ဒီဇိုင်းထုတ်တီထွင်ဖန်တီးထားသည်။

“တောင်ပံများ” နှင့် “ခြေထောက်များ” ပါဝင်သောဤမိုက်ခရိုဒရုန်းသည် ကိုယ်ပျောက်စစ်ဆင်ရေးများတွင် အန္တရာယ်များပြီး ရှုပ်ထွေးသောပတ်ဝန်းကျင်များကိုထောက်လှမ်းခြင်းနှင့်သီတင်းအချက်အလက်များ ရှာဖွေစုဆောင်းနိုင်ရန်အတွက်ဟုသိရသည်။

၎င်း၏ သေးငယ်ကျစ်လျစ်သော အရွယ်အစားသည် ထောက်လှမ်းမှုကို ရှောင်လွှဲနိုင်သည့် စွမ်းဆောင်ရည်ရှိပြီး လျှို့ဝှက်စွာတာဝန်ထမ်းဆောင်နိုင်သော စစ်ဘက်ဆိုင်ရာသုံး drone ပုံစံသစ်ဖြစ်လာသည်။

image