သူက ကျောင်းဆရာတဦး။ အသင်းနဲ့အတူ ဒီပြိုင်ပွဲကို လိုက်ဖို့ အလုပ်ကနေ ခွင့်ယူခဲ့ရတာ။ အခုတော့ ကျောင်းဆရာတဦးအနေနဲ့ သူက အသင်းကို သမိုင်းတွင်အောင် လုပ်ပေးနိုင်ခဲ့ပြီ။
ဘိုကာဂျူနီယာနဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးကို သူ သွင်းပေးခဲ့တာ။ ဒါက ဒီပြိုင်ပွဲမှာ အုတ်ကလန်အတွက် ပထမဆုံးရတဲ့ ဂိုးဖြစ်လာတယ်။ ပြီးတော့ ပထမဆုံးရမှတ်ပါ ရစေမယ့်အထိ ဖြစ်လာခဲ့ပြိး အိမ်အပြန်မျက်နှာပန်းလှသွားခဲ့ပါတယ်။
အပျော်တမ်းအဆင့်သာသာပဲရှိတတဲ့ အုတ်ကလန်အဖို့ ဘိုကာလိုအသင်းကို သရေကျကစားပြီး အမှတ်ရအောင် ယူနိုင်ခဲ့တာက ဆုဖလားရလိုက်သလိုပါပဲ။ ဒီလိုဖြစ်လာအောင် ကျောင်းဆရာခရစ္စတီယန်ဂရေးက လုပ်ပေးနိုင်ခဲ့တာပါ။
အလုပ်ကနေ ခွင့်ယူပြီး လိုက်လာတဲ့ ကျောင်းဆရာတဦးက ရေးထိုးပေးခဲ့တဲ့ မှတ်တမ်းပါပဲ။
