1 w - Translate

ဘိုကာကို သရေကစားနိုင်အပြီး အုတ်ကလန်ကစားသမားတွေ ပျော်နေတာကို ကြည့်ရင် သူတို့အတွက် ဘယ်လောက်တောင်မှ အဖိုးတန်ခဲ့လဲဆိုတာ သိသာပါတယ်။ ဆုဖလားရလိုက်သလိုကို ဖြစ်နေခဲ့တာပါ။ သူတို့က အပျော်တမ်းအဆင့်သာသာအသင်းပါ။

အာဂျင်တီးနားရဲ့ နာမည်ကျော်ကလပ်ကို ၁ဂိုးစီ သရေကစားနိုင်ခဲ့ပြီး ဒီပြိုင်ပွဲမှာ သွင်းဂိုးရော၊ ရမှတ်ပါ ယူနိုင်ခဲ့တာမို့ သူတို့အတွက် မဟာအောင်ပွဲလို့ ပြောမယ်ဆိုလည်း မမှားပါဘူး။ အလုပ်သမားတွေနဲ့ စုပေါင်းစပ်ပေါင်းထားတဲ့ အသင်းငယ်လေးက တကယ်ပရိုအသင်းကြီးကို မရှုံးအောင် ကစားပြသွားတာ တကယ်လည်း ဂုဏ်ယူစရာပါ။

သူတို့အတွက် သမိုင်းဝင်ပွဲ၊ ဘယ်တော့မှမေ့မရတော့မယ့်ပွဲဆိုလည်း မမှားပါဘူး။

image