1 w - Translate

အင်တာမိုင်ယာမီနဲ့ ၁၆ သင်းအဆင့်မှာ ကစားရဖို့ဖြစ်လာတာဟာ နူနိုမန်ဒက်စ်အတွက် ကြီးမားတဲ့စိန်ခေါ်မှုတခုကို ရင်ဆိုင်ရဖို့လည်း ရှိလာပါတယ်။ အသင်းဖော်ဟောင်း မက်ဆီကို သူ ပြန်ထိန်းချုပ်ရတော့မှာဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူလို့ သတ်မှတ်ခံထားရတဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းနိုင်ဖို့ပါ လိုအပ်လာပါပြီ။
ဆာလာ၊ ဆာကာတို့လို ကစားသမားတွေကို အိတ်ကပ်ထဲထည့်ခဲ့ပြီး ပရိသတ်အကြိုက်တွေ့အောင် ကစားပြခဲ့သလို လာမိုင်းယာမယ်လ်ကိုလည်း လုံး၀လှုပ်မရအောင် ချုပ်နိုင်ခဲ့တဲ့ မန်ဒက်စ်က မက်ဆီကိုပါ ထပ်ထိန်းချုပ်ပြနိုင်ခဲ့မယ်ဆိုရင် ပိုပြီးတော့ ချီးကျူးခံရမှာ အသေအချာပါပဲ။
သူ့ကစားသမားဘ၀မှာ‌ ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်ကစားသမားတဦးကို ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့် ဘယ်လိုတွေ ထိန်းချုပ်သွားမလဲဆိုတာကို ကြည့်ရပါတော့မယ်။

image