တရားမျှတသောရွေးကောက်ပွဲဖြစ်ဖို ဆောင်ရွက်မယ်လို ရွေးကော်ကတိပေး
(ပြည်တွင်း) ဇွန် ၂၅
(ပြည်တွင်း) ဇွန် ၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘယ်ပါတီကိုမှ ဘက်မလိုက်ဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်ဆောင်ရွက်သွားမယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ကတိပေးပြောဆိုလိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမမှာ ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းက ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ တွေ့ဆုံချိန်မှာ ခုလိုပြောဆိုလိုက်တာလို့ သိရပါတယ်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘယ်ပါတီကိုမှ ဘက်မလိုက်ဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ မှတ်ကျောက်တင်ရတဲ့ ရွေးကောက်ပွဲဖြစ်အောင် မှန်မှန်ကန်ကန် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ဆိုပါတယ်။
ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းပြီး ရွေးကောက် ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲနှောင်းပိုင်းကာလ စတဲ့ ကာလ ၃ ပိုင်းလုံးမှာ ရွေးကောက်ပွဲ ဆိုင်ရာဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ပြည်သူလူထုကို အသိပေးရမယ့်အကြောင်းအရာတွေကို အသိပေးနိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ကော်မရှင်နဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ပူးပေါင်းပြီး မြန်မာသတင်းမီဒီယာသမားတွေအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကစတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း ဆောင်ရွက်ခဲ့သလို မကြာခင်ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့စပ်လျဉ်းပြီး ဆောင်ရွက်လျက်ရှိရာ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ အတည်ပြုပြဋ္ဌာန်းပြီးပါက ပြဋ္ဌာန်းချက်တွေနဲ့အညီ ပြင်ဆင်ထုတ်ဝေနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လည်း ရွေးကော်ဥက္ကဋ္ဌက ပြောပါတယ်။
မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအနေနဲ့ သတင်းမီဒီယာတွေကတစ်ဆင့်ကော်မရှင်ရဲ့ ဆောင်ရွက်ချက် တွေကို မှန်မှန်ကန်ကန် သိရှိနိုင်အောင် ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
