1 w - Translate

ချင်းမှာ ဒေသပါတီ ၃ ခု ရွေးကောက်ပွဲဝင်ဖိုရှိနေ

(ပြည်တွင်း) ဇွန် ၂၅
ပါတီစုံအထွေထွေရွေးကောက်ပွဲကို၂၀၂၅ ခုနှစ် ဒီဇင်ဘာလ အကုန် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစပိုင်းမှာကျင်းပဖို့ရှိနေပြီး ချင်းပြည်နယ်မှာ ဒေသပါတီ ၃ ခုက ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတယ်လို့ သိရပါတယ်။ချင်းပြည်နယ်တွင်းဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ရရှိပြီးဖြစ်တဲ့ ခူမီးအမျိုးသားပါတီနဲ့ ပါတီတည်ထောင့်ခွင့်ရထားပြီ ဖြစ်တဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ပါတီတည်ထောင်ခွင့် လျှောက်ထားချက် ခွင့်ပြုလိုက်ပြီးဖြစ်တဲ့ ဇိုမီးအမျိုးသားပါတီ တို့က ယှဉ်ပြိုင်ကြမှာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၄ ရက်နေ့မှာ ဇိုမီး အမျိုးသား ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွှတ်သည်ကို စိစစ်တွေ့ရှိတာကြောင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ပါတီတည်ထောင်ခွင့်ရရှိတဲ့ ဇိုမီးအမျိုးသားပါတီဟာ ခွင့််ပြုချက်ရရှိတဲ့နေ့ကစလို့ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နဲ့အညီ ကော်မရှင်ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ လျှောက်ထားရမှာဖြစ်ပြီး ယနေ့အထိ ပါတီတည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၉ ပါတီ ရှိပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

image