🌿✨ အခန်းတွင်းအပင်လေးတွေ ဘယ်မှာထားရမလဲ? ဒီလိုအချက်လေးတွေနဲ့ လွယ်ကူစွာရွေးချယ်လိုက်ပါ! ✨🌿
အပင်တိုင်းက အလင်းရောင်လိုအပ်ချက်မတူကြပါဘူး။ တချို့က နေရောင်တိုက်ရိုက်ကို ကြိုက်နှစ်သက်ပြီး တချို့ကျတော့ အလင်းရောင်အနည်းငယ်သာလိုအပ်တာမျိုးရှိပါတယ်။ ဒီတော့ သင့်ရဲ့အရွက်စိမ်းအပင်လေးတွေအတွက် အကောင်းဆုံးနေရာကို ရွေးချယ်ပေးလိုက်ရအောင်! 🌞➡️🌤️➡️🌥️➡️💡
☀️ နေရောင်တိုက်ရိုက်ကြိုက်တဲ့အပင်များ👇
Cactus ၊ အချို့သော succulent အပင်များ၊ lavender၊ ရှားစောင်းလက်ပတ်နှင့် geranium (ကြွေပန်း)တို့ကဲ့သို့သောအပင်များအတွက် နေရောင်တိုက်ရိုက်ရတဲ့ ပြတင်းဘောင်ဘေးနဲ့ လသာဆောင် (Balcony)များက အကောင်းဆုံးနေရာပါ။
🌤️ နေရောင်များများရှိရုံနဲ့ ရတဲ့အပင်များ 👇
ရွက်လှပင်၊ နင်္ဂါးစက်ပင်၊ ကျောက်စိမ်းပင်၊ အုန်းပွါးပင်နဲ့ Rubber Plant တို့လို အပင်များက နေရောင်ရတဲ့နေရာမှာ ထားရင်အကောင်းဆုံးဖြစ်ပေမယ့် အရိပ်အနည်းငယ်ရှိတဲ့နေရာမှာလည်း ရပါတယ်။
🌥️ နေရောင်အနည်းငယ်သာလိုအပ်တဲ့အပင်များ👇
ဒေါင်းဂမုန်းမျိုးနွယ်၊ Lucky Plant မျိုးနွယ်၊ကျောက်စိမ်းဧကရာဇ်၊ Philodendron နှင့် ရှင်သီဝလိတို့လို အပင်များက အလင်းရောင်အနည်းငယ်သာရှိတဲ့ အခန်းတွင်း (သို့) မနက်ခင်းနေရောင်နုနုရတဲ့နေရာမျိုးမှာ ထားပေးနိုင်ပါတယ်။
💡 နေရောင်တိုက်ရိုက်မဟုတ်တဲ့ အလင်းရောင်ကိုကြိုက်နှစ်သက်တဲ့အပင်များ 👇
ကျားလက်ဝါး၊ စင်ကာပူဗန်ဒါ၊ ရွှေလာငွေလာ၊ Spider Plant နဲ့ အိမ်တော်မင်္ဂလာတို့လို အပင်များက နေရောင်တိုက်ရိုက်မရတဲ့ နေရာ (ဥပမာ - အခန်းတွင်း၊ ပါးလွှာတဲ့ ခန်းစီးကာထားတဲ့ ပြတင်းပေါက်အနားများ) မှာ ထားပေးနိုင်ပါတယ်။
🪴 အပင်လေးတွေရဲ့ အလင်းရောင်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာမှာ ထားပေးခြင်းက သူတို့ကို လန်းဆန်းစိုပြည်စွာနဲ့ ကျန်းမာစွာကြီးထွားစေမှာပါ! 🌱💚
