1 ပတ် - ဘာသာပြန်ပါ။

🚨သတိ ဂျပန်မှာ လမ်းဘေးက ပေါက်တဲ့အပင်တွေကို စိတ်ရှိတိုင်း မကိုင်ကြပါနဲ့။
ဂျပန်နိုင်ငံ က စိတ်ချရတယ်ဆိုပြီး ဘာရယ်မဟုတ်ဘူး လမ်းဘေးမှာ အလေ့ကျ ပေါက်နေတဲ့ အပင်တွေကို ထိတာတွေ့တာတွေ လုပ်ကြမယ်ဆိုရင် အထူးသတိပြုဖို့လိုပါတယ်။
ဂျပန်ပြည်တွင်းကသက်ဆိုင်ရာဌာနတွေမှာ တရားဝင်အချက်အလက်တွေရှိတဲ့ အပင်တွေ(အန္တာရယ်မရှိ)ကို ကိုင်မိရင် ပြသနာမရှိပေမယ့် ပြည်ပက မျိုးစိတ်တွေက
လမ်းဘေးမှာ ပေါက်နေတာမျိုးတွေလည်းရှိပါတယ်။
အခုပုံမှ မြင်ရတဲ့ပုံကတော့ လက်ရှိ ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးဘက်မှာတွေ့ရတဲ့ Heracleum mantegazzianum လို့ထင်ရတဲ့ မျိုးစိပ်အပင်လို့ ဆိုပါတယ်။စပြီး အပင်ပေါက်စဉ်ကတော့ ဟိုကိုင်းဒိုးမှာတွေ့ရလေ့ရှိတဲ့ Japanese parsley နဲ့တူတဲ့အတွက် စောင့်ကြည့်နေရင်းကနေ ကြီးထွားလာတဲ့အခါမှာတော့ လုံးဝမတူတဲ့အတွက် သက်ဆိုင်ရာကို သတင်းပေးထားတယ်လို့သိရပါတယ်။
တကယ်လို့များ ကိုင်မိခဲ့မယ်ဆိုရင် အရေပြားထိခိုက်မှု့ရှိနိုင်ပြီး ရေကြည်ဖုတွေထွက်လာပြီး ပေါက်သွားရင်တောင် အမာရွတ်က တသက်လုံးကျန်ခဲ့မယ်လ်ို့ သိရပါတယ်။
အသက်တစ်ချောင်းက ဘာမဟုတ်တဲ့ အပြုအမူလေးတစ်ခုနဲ့ ဒုက္ခမရောက်ရလေအောင် လမ်းဘေးက အလေ့ကျပေါက်နေတဲ့ အပင်တွေဆိုရင် ဘယ်နိုင်ငံကဘဲဖြစ်ဖြစ်
မကိုင်တာ ကောင်းပါတယ်။လမ်းဘေးက အပင်ဆိုတာ
လူဘဲ ဖြစ်ဖြစ် ခွေးဘဲဖြစ်ဖြစ် မစင်စွန့် သွားနိိုင်တဲ့နေရာပါ။သတိလေးထားရအောင်ဖော်ပြပေးလိုက်ပါတယ်။

image