1 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရိုးမရိပ်သာ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ နေရာထပ်မံ မဲနှိုက်မည်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုးမရိပ်သာ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများကို ဇွန် ၂၀ ရက်တွင် မဲနှိုက်ရွေးချယ်ပြီး ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။
ရိုးမရိပ်သာတန်ဖိုးနည်းအခန်းများရောင်းချနိုင်ရေး အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ကော်မတီကစိစစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော လျှောက်လွှာများကိုပယ်ဖျက်ကာ သတ်မှတ်ချက်နှင့် ကိုက်ညီသောလျှောက်လွှာ ၂၂၂၄၆ စောင်ကို အိမ်ရာရောင်းချရေးကော်မတီက ဇွန် ၂ဝ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) ၌ တိုက်ခန်းဝယ်ယူခွင့်ရရှိမည့်သူများကို မဲနှိုက်ရွေးချယ်ခဲ့ပြီး တိုက်ခန်းဝယ်ယူခွင့် မဲပေါက်သူများအနေဖြင့် တိုက်ခန်းနေရာကို ကိုယ်တိုင်မဲနှိုက်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်မဲနှိုက်ခွင့်ရရှိသူများကို တစ်ဦးချင်းဆက်သွယ် အကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယထပ် အစည်းအဝေးခန်းမကြီးတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန် ၂၆ ရက်တွင် အငြိမ်းစားဝန်ထမ်းများအတွက် မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများအတွက် ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီနှင့် ဇွန် ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ဝန်ထမ်းများအတွက် မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

image