1 ပတ် - ဘာသာပြန်ပါ။

ကျွန်တော်သည် လောကရဲ့
ချောင်ကြို ချောင်ကြားထဲ လဲကျသွားပါသည်။ လှုပ်ယမ်းနေသော ခေတ်ကြီးကို တွေ့ရပါသည်။ လှုပ်ယမ်းနေသော လူတွေကို တွေ့ရပါသည်။
လှုပ်ယမ်းနေသော ဝေဒနာများကို တွေ့ရပါသည်။ (ဝေဒနာတောအုပ် သောသောလှုပ်၏)
ပြာလည်း မကြွေသေး
မီးခိုးလည်း တငွေ့ငွေ့နဲ့
❛ ဟေ့လူ…ကိုအောင်ချိမ့်
ခင်ဗျားလက်ကြား ညှပ်ထားတဲ့
သေခြင်းတရားလေး တစ်ဖွာလောက် ❜
တစ်ဝဂူ လူနှင့် သူ၏အူသံများ”
စသည် … စသည်။
• မောင်ဒေါင်း •

image