1 ပတ် - ဘာသာပြန်ပါ။

ပထမတန်းစား ကဗျာဆရာ မဖြစ်ရရင်
ဒုတိယတန်းစား ကဗျာဆရာတော့မဖြစ်ချင်ဘူး။
ဘာမှ မဖြစ်ရတာကမှ ကောင်းဦးမယ်။
မိုးသည်းတာပဲဖြစ် ဖြစ်၊ လေထန်တာပဲဖြစ်ဖြစ်၊
မှောင်ကြီးကျနေတာပဲဖြစ်ဖြစ် လူသားတွေဟာ
အသက်ရှင်နေဦးမှာပဲ။ အသက်ရှင်နေသေးရင်
နှလုံးသားတွေက ခံစားတတ်နေ ဦးမှာပဲ။
သူတို့က တို့ကို သတ်လိုက်နိုင်ပြီလို့
ယုံချင်ယုံပါစေ။ ဟောဒီ ငါ့နှလုံး သားပေါ်
သွေးသစ်တစ်စက်ကျလာရင်
ခံစားချက်အသစ်တစ်ရပ်ထွက်ပေါ်လာမှာပဲ။
လူတွေကို ကျွန်တော့်ခံစားချက်တွေ
ပြောပြချင်တယ်။ ဟုတ်တယ်၊
ခင်ဗျား တို့အားလုံးကိုပြောပြချင်တယ်။
ကဗျာဆရာဆိုတာကတော့ ဒါပါပဲ ။
• ဖော်ဝေး •

image