1 ပတ် - ဘာသာပြန်ပါ။

အိန္ဒိယအတွက် search AI သစ် Google မိတ်ဆက်
ဆွန်ဒါပီချိုင်းက သူ့ဇာတိမြေအတွက် တော်တော်ကောင်းတဲ့ AI search tool တစ်ခု ချပေးလိုက်တာပါ။
ဒီ tool က ပြီးခဲ့တဲ့မတ်လကမှ ထုတ်ထားတာ ဖြစ်ပြီး လောလောဆယ် အမေရိကန်တစ်နိုင်ငံတည်းကိုပဲ ပေးထားတဲ့ AI Mode ဆိုတာပါ။ AI Mode က Gemini 2.5 custom ဗားရှင်းပေါ်မှာ ဆောက်ထားတဲ့ tool ။ အင်တာနက်ရှာဖွေရေးကို AI နည်းပညာနဲ့ ပိုထိရောက်အောင် ပြောင်းလိုက်တဲ့ tool မျိုး။
search ထဲမှာ AI Mode ထည့်ထားပြီး မေးခွန်းအရှည်ကြီးတွေ AI ကို သွားမေးလို့ ရပါတယ်။ ရိုးရိုး search မှာ စာအရှည်ကြီးတွေနဲ့ သိချင်တာတွေ သွားမေးလို့မရပါဘူး။ AI Mode မှာက ရိုးရိုး search ထက် ၂ ဆ ၃ ဆလောက် ရှည်တဲ့ query တွေ လာမေးလို့ရပါတယ်။ ChatGPT တို့ Gemini တို့နဲ့ စကားပြောနေသလိုပါပဲ။
AI က real-time sources တွေထဲကနေ နောက်ဆုံးရအချက်အလက်တွေ စုစည်းပြီး အကောင်းဆုံးအဖြေကို interactive ပုံစံနဲ့ ပြန်ဖြေပေးပါမယ်။ ဖြေပြီးတိုင်းလည်း AI ကို follow-up မေးခွန်းတွေ မေးလို့ရပါတယ်။ AI Mode က အဆင့်မြင့်ဆင်ခြင်တွေးတောမှုစနစ်တွေ multimodal စွမ်းရည်တွေ ပါလို့ User သိချင်တာကို နားလည်ပြီး အနီးစပ်ဆုံးနဲ့ အထိရောက်ဆုံးအဖြေ ပေးနိုင်ပါတယ်။
ဈေးဝယ်လမ်းညွှန်လို ၊ အသေးစားလုပ်ငန်းအကြံပေးတာလို လက်တွေ့အသုံးဝင်တဲ့ features တွေလည်း ပါပါတယ်။ အိန္ဒိယရောက်လာတဲ့ AI Mode က အိန္ဒိယထုံးစံနဲ့ ဒေသိယအကြောင်းအရာတွေ နားလည်မှာ ဖြစ်လို့ အိန္ဒိယသား users တွေအတွက် တော်တော်လေးကို အဆင်ပြေမှာပါ။
နောက်ပြီး ကိုယ်ရှာချင်တာကို အသံနဲ့ရော ဓါတ်ပုံနဲ့ပါ ရှာနိုင်မှာ ဖြစ်လို့ စာအရှည်ကြီး ရေးစရာမလိုဘဲ လေနဲ့တင် အလုပ်လုပ်လို့ ရမှာပါ။ လောလောဆယ် အင်္ဂလိပ်စကားနဲ့ပဲ ထွက်ထားပေမယ့် နောက်ဆို ဟင်ဒီ ၊ ဘင်္ဂါလီ ၊ တမီ ၊ တေလ်ဂူစတဲ့ အိန္ဒိယစကားတွေလည်း support ပေးပါလိမ့်မယ်။
အိန္ဒိယမှာ AI mode သုံးမယ်ဆို Google Labs ကနေ AI Mode ထဲ ဝင် စမ်းသုံးလို့ ရနေပါပြီ။ အင်တာနက်သုံးသူ သန်း ၈၇၀ ကျော် ရှိပြီး AI သုံးရတာ မွေ့လျော်တဲ့ အိန္ဒိယ users တွေကတော့ AI mode ကို အကြိုက်တွေ့ကြမှာပါ။

image