1 w - Translate

ပေါက်ကွဲနိုင်တဲ့ တရုတ်ထုတ် power banks သန်းချီ ဈေးကွက်က ပြန်သိမ်း
နာမည်ကြီး power bank ကုမ္ပဏီ Anker နဲ့ Romoss တို့က အပူလွန်ပြီး မီးလောင်ပေါက်ကွဲနိုင်တဲ့ power bank ၁.၂ သန်းကျော် ဈေးကွက်က ပြန်သိမ်းနေတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က အမေရိကန်စားသုံးသူထုတ်ကုန်ဘေးကင်းရေးကော်မရှင် CPSC က Anker နဲ့ Romoss ထုတ် power banks တွေရဲ့ လစ်သီယမ်အိုင်ယွန်ဘက်ထရီ ချို့ယွင်းချက်ကြောင့် မီးလောင်ပေါက်ကွဲနိုင်တယ်ဆိုပြီး သတိပေးခဲ့တာပါ။
Anker ထုတ် PowerCore 10000 (model A1263) မီးလောင်မှုနဲ့ ဆက်စပ်ပြီး တိုင်ချက် ၁၉ ခုလည်း ကုမ္ပဏီက ရထားတာပါ။ Anker power bank ဖြစ်စဉ်မှာ အသေးစား မီးလောင်ဒဏ်ရာရမှု ၂ ခုနဲ့ ပစ္စည်းဆုံးရှုံးမှု ဒေါ်လာ ၆၀၇၀၀ ကျော်ဖိုးရှိခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ဈေးကွက်မှာ ၂၀၁၆ ဇွန်ကနေ ၂၀၂၂ ဒီဇင်ဘာအထိ Amazon , Newegg , eBay တို့လို အွန်လိုင်းကတစ်ဆင့် ဒီ power bank တွေ ရောင်းထားတာ အလုံးရေ ၁၁၅၈၀၀၀ အထိ ရှိပါတယ်။ Anker က serial နံပါတ်အလိုက် recall မှာ အကျုံးဝင်တဲ့ အလုံးတွေအတွက် ဒေါ်လာ ၃၀ တန် gift card ဒါမှမဟုတ် 10000 mAh Power bank (22.5W, model A1288) တစ်လုံး အခမဲ့လဲပေးမယ်လို့ ပြောပါတယ်။
Anker က အမေရိကန်မှာတင် မဟုတ်ဘဲ တရုတ်မှာလည်း အလုံးရေ ၇၁၂၀၀၀ ကျော် ရှိတဲ့ သူ့ power banks မော်ဒယ် ၇ မျိုးကို ဈေးကွက်က ပြန်သိမ်းနေပါတယ်။ Notebookcheck သတင်းမှာအရ တရုတ်ဈေးကွက်က ပြန်သိမ်းနေတဲ့ Anker မော်ဒယ်တွေက 10,000 mAh Magnetic Power Bank (A1642) , Anker 335 Power Bank (A1647) , Anker Zolo Travel Power Bank (A168, Anker Zolo Travel Power Bank (A1681) , A1257 , A1689 နဲ့ A1652 တွေလို့ ဆိုပါတယ်။
power bank တွေ ဈေးကွက်က ပြန်သိမ်းနေရတာ Anker တစ်ခုတည်း မဟုတ်ပါဘူး။ ဟောင်ကောင်လေယာဉ်တစ်စင်းပေါ်မှာ ဖြစ်ခဲ့တဲ့ မီးလောင်မှုနဲ့ ဆက်စပ်ပြီး Romoss ကလည်း သူ့ power bank မော်ဒယ်တွေ ဖြစ်တဲ့ PAC20-272 , PAC20- 392 နဲ့ PLT20A-152 တွေကို ပြန်သိမ်းခဲ့ပါတယ်။ ဈေးကွက်က ပြန်သိမ်းတဲ့ အရေအတွက်က စုစုပေါင်း ၄၉၁၇၄၅ လုံးပါ။
Romoss ထုတ်ကုန်တွေ ဈေးကွက်က မဖယ်ရှားခင်မှာ Romoss 20000 mAh တွေက မီးလောင်ပေါက်ကွဲနိုင်ခြေများတယ်ဆိုပြီး ဘေဂျင်းက တက္ကသိုလ်တွေမှာ သတိပေးတားမြစ်ခဲ့တာ ရှိပါတယ်။ Romoss ကလည်း ဒီမော်ဒယ်တွေအတွက် အလုံးသစ် အစားပြန်ပေးတာတို့ ငွေပြန်အမ်းတာတို့ လုပ်ပေးမယ်လို့ ဆိုပါတယ်။

image