၁၆ ဘီလီယံသော Account များမှ Data ခိုးယူခံရပြီး ကမ္ဘာ့စံချိန်သစ်အဖြစ်မှတ်တမ်းဝင်
အကြီးမားဆုံး ဒေတာခိုးယူမှုကြောင့် login credentials (အကောင့်ဝင်ရောက်အသုံးပြုသောအချက်အလက်များ) အရေအတွက်အားဖြင့် ၁၆ ဘီလီယံကျော် ခိုးယူပေါက်ကြားသွားပြီး ၎င်းသည် အင်တာနက်သမိုင်းတွင် မှတ်တမ်းတင်ရမည့်ဒေတာခိုးယူမှုဖြစ်လာသည်။
Cybersecurity ကျွမ်းကျင်သူများက ခိုးယူထားသော ဒေတာများကို infostealer malware ဖြင့်စုစည်းပြီး ယခုအခါ dark web စျေးကွက်များတွင်ရောင်းချနေသည်ဟုဆိုသည်။သုံးစွဲသူများအား ဖြားယောင်းခြင်း၊တိုက်ခိုက်ခြင်း၊အထောက်အထားခိုးယူမှုနှင့်အကောင့်သိမ်းယူမှုတို့ကိုပြုလုပ်ခဲ့သည်ဟုလဲသိရသည်။
အဆိုပါခိုးယူမှုမှာ Google၊ Apple၊ Facebook နှင့် အစိုးရ website များကဲ့သို့သောအဓိကပလက်ဖောင်းများမှအကောင့်များကိုအဓိကအခိုးခံခဲ့ရသည်ဟုသိရသည်။
ဆိုက်ဘာရာဇ၀တ်မှုခြိမ်းခြောက်မှုများ ဆက်လက်တိုးပွားလာနေသဖြင့် နည်းပညာကုမ္ပဏီများနှင့် တာဝန်ရှိသူများက အသုံးပြုသူများအားမိမိတို့ password များကိုဂရုတစိုက်အသုံးပြုရန်နှင့် သံသယဖြစ်စရာ link များကိုဝင်ရောက်ခြင်းမပြုရန် တိုက်တွန်းထားသည်။
