1 ပတ် - ဘာသာပြန်ပါ။

မနှစ်ကထွက်ခဲ့တဲ့ Galaxy Z Fold 6 နဲ့ ယှဉ်တဲ့အခါမှာ သိသိသာသာပါးသွားမယ့်အပြင် ပိုကျယ်သွားတာကိုလည်း တွေ့ရမှာပါ။ Dummy unit ဆိုပေမဲ့ အတော်လေးနီးစပ်တယ်လို့ ဖော်ပြထားပုံအရရော အရင်ထွက်ရှိထားတဲ့ Leak တွေအရရော Z Fold 7 က ပါးကို ပါးမယ့်ပုံပါ။
မနက်က ဖော်ပြခဲ့သေးတဲ့ Honor Magic V5 နဲ့ ယှဉ်ရင်တော့ Z Fold 7 က နည်းနည်းထူသေးတယ်လို့ ဆိုရမှာပါ။ Honor Magic V5 က ခေါက်ထားရင်တောင် အထူက 8.8mm ပဲရှိမယ်လို့ ဆိုထားပါတယ်။ Z Fold 7 ကတော့ 9mm ရှိမယ်လို့ သတင်းတွေထွက်ထားလို့ပါ။ (အတိအကျတော့ မကြေညာထားပေမဲ့)
ဒါပေမဲ့ မနှစ်က Z Fold 6 ထက်စာရင်တော့ သိသိသာသာပါးသွားတာကို လက်ခံရမှာပါ။ Z Fold 6 ရဲ့အထူက 12.1mm တောင်ရှိတာမို့ပါ။ နောက်ပြီး Z Fold 6 ရဲ့ အလေးချိန်က 239g ရှိပြီး Z Fold 7 ကတော့ 215g ပဲ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဆိုတော့ Z Fold 7 က ပိုပေါ့လာမယ် ပိုပါးသွားပါမယ်။
လောလောဆယ်တော့ Leak တွေပဲမို့ နောက်လ မိတ်ဆက်ခါမှ စောင့်ကြည့်ရမှာပါ။ ဘယ်လောက်ပါးပါး S25 Edge လို ဘတ်ထရီနဲ့ပတ်သက်ပြီး ဂျင်းထည့်ဦးမလားကိုလည်း စိုးရိမ်နေကြပြန်။ Samsung အနေနဲ့ကတော့ S25 Edge ကနေ ရနေတဲ့ bad comment တွေကို Z Fold 7 နဲ့ ပြန်ထိန်းသွားမလားဆိုတာကိုတော့ …

image