1 w - Translate

မက်ဆီကတော့ အသင်းဟောင်း ပီအက်စ်ဂျီနဲ့ ပြန်ရင်ဆိုင်ရပါတောမ့ယ်။ ပါးမီးယက်စ်ကို ၂-၂ ကစားခဲ့ပြီးနောက် ကလပ်ကမ္ဘာ့ဖလားမှာ အင်တာမိုင်ယာမီက နောက်တဆင့်တက်ခဲ့ပါတယ်။ တဖက်က အုပ်စုဗိုလ် ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရတောာ့မှာလည်း ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ဝင်ကစားခွင့်မပေးသင့်ဘူးလို့ ဝေဖန်ခံရ၊ အိမ်ဖြည့်အသင်းလို့ သတ်မှတ်ခံထားရတဲ့ အင်တာမိုင်ယာမီက နောက်တဆင့်ကို ရောက်အောင် သွားနိုင်ခဲ့ပါပြီ။ ဒါဟာ မက်ဆီအတွက်တော့ စိတ်လှုပ်ရှားစရာဖြစ်လာမှာပါ။ သူ ၂နှစ်ကြာ ကစားပေးခဲ့တဲ့ ပြင်သစ်ကလပ်ကို ပြန်ရင်ဆိုင်ရမှာဖြစ်ပြီး သူ ဘာလုပ်ပြနိုင်မလဲ ကြည့်ရပါမယ်။

image