1 w - Translate

"ကျွန်တော်အကောင်းဆုံးအကြံဉာဏ်ပေးရရင်
.. ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ဖုန်းတွေကို အိမ်မှာထားခဲ့ကြပါ
ဒါမှမဟုတ် အဝတ်လဲခန်း ထဲမှာပေါ့။ ခင်ဗျားတို့ ဒါကို ကြည့်မနေသင့်ဘူး။ ခင်ဗျားတို့က ကစားတဲ့ဆီမှာ
ပဲ (စိတ်ကို) ရှိနေသင့်တယ်။"
"ခင်ဗျားတို့ရဲ့ စိတ်အတွက်တောင်မှ ဒါက အကျိုးရှိပါတယ်။ အီလက်ထရောနစ်ပစ္စည်းတွေကို ထားခဲ့ပြီးတော့၊ Gym ထဲက ဒီတစ်နာရီဟာ ခင်ဗျားနဲ့ ခင်ဗျားရဲ့ခန္ဓာကိုယ်၊ ပြီးတော့ ခင်ဗျားရဲ့ အာရုံစူးစိုက်မှုအတွက်ပဲ ဖြစ်သင့်တယ်။ ဒါက တရားထိုင်သလိုပါပဲ။"
"ပြီးတော့ ခင်ဗျား အာရုံစိုက်ရမယ်။ ခင်ဗျားညှစ်ထုတ်လိုက်တဲ့ အရသာကိုခံစားရမယ်။ အလေးကို မရမယ်။ အောက်ပြန်ချတဲ့အခါ ဖြည်းဖြည်းချရမယ်။ ခင်ဗျားရဲ့အရာအားလုံးကို အကြိမ် အကျော့
ထဲမှာ ထည့်သွင်းရမယ်။"
"ခင်ဗျားသာ လေ့ကျင့်ခန်းထဲမှာ နစ်ဝင်နေရင်၊ တခြားအရာအားလုံးကို မေ့သွားလိမ့်မယ်။ ခင်ဗျားရဲ့အလုပ်အကြောင်း၊ ခင်ဗျားရဲ့ပေးစရာဘေလ်တွေအကြောင်း၊ ခင်ဗျားရဲ့ဆက်ဆံရေးတွေအကြောင်း၊ ဘာပဲဖြစ်ဖြစ်ပေါ့။ ခင်ဗျားစိတ်က လေ့ကျင့်ခန်းထဲမှာပဲ ရှိနေလိမ့်မယ်။"
"ပြီးတော့ ဖုန်းအနားမှာ မရှိတာ ခင်ဗျားအတွက် အရမ်းကောင်းတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့စိတ်က ဒီခေတ်ကြီးမှာ အချိန်တိုင်းဝင်နေတဲ့ သတင်းအချက်အလက်တွေကနေ အနားယူဖို့လိုတယ်လေ။"
"ဒါကြောင့် ကျွန်တော်က လေ့ကျင့်ခန်းလုပ်ခြင်းကို တရားထိုင်ခြင်းတစ်မျိုးအဖြစ်လည်း မြင်ပါတယ်။"
လေ့ကျင့်ခန်း လုပ်ချိန်မှာ ဖုန်းကိုမေ့ထားပါ။