2 ပတ် - ဘာသာပြန်ပါ။

Justice League မရှိသေးတဲ့ DC Universe အသစ်
၂၀၂၃ ဇန်နဝါရီမှာ DC Studios ရဲ့ တွဲဖက်အကြီးအကဲလည်းဖြစ်၊ Superman ရဲ့ ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ James Gunn က DC Universe အသစ်ရဲ့ ပထမအဆင့်ဖြစ်တဲ့ “Gods and Monsters” လို့ နာမည်ပေးထားတဲ့ ရုပ်ရှင်နဲ့ Show တွေရဲ့ စာရင်းကို ကြေညာခဲ့ပါတယ်။
ဒါပေမယ့် အဲဒီထဲမှာ Justice League အကြောင်း မိတ်ဆက်ထားတာမျိုး မပါဝင်ခဲ့ပါဘူး။
Entertainment Weekly နဲ့ အင်တာဗျုးမှာတော့ James Gunn က Justice League ထက်ပိုမိုက်တဲ့ Hero အဖွဲ့တစ်ခုအကြောင်းတော့ သူ့စိတ်ထဲ ရှိတယ်လို့ပြောဖူးပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ Justice League ကတော့ အခု Universe အသစ်မှာမပါဝင်သေးဘူးလို့ပြောလာပါတယ်။
လက်ရှိ Superman ရဲ့ Universe ထဲမှာတော့ Justice Gang ဆိုတဲ့ စူပါဟီးရိုးသုံးယောက်အဖွဲ့ပဲရှိပါဦးမယ်။ အဲဒီအဖွဲ့ကို နည်းပညာကုမ္ပဏီ LordTech ရဲ့ Maxwell Lord က ထောက်ပံ့ထားတာဖြစ်ပါတယ်။ အဖွဲ့ထဲမှာ Hawkgirl, Green Lantern Guy Gardner, Mister Terrific တို့ပါဝင်မှာဖြစ်ပါတယ်။
Justice Gang က လူတွေက Justice League က လူတွေလိုမဟုတ်ပဲ Rule မရှိတဲ့ကောင်တွေဖြစ်တယ်လို့ James Gunn ကပြောပါတယ်။
ပြီးတော့ အခုထွက်မယ့် Superman ရုပ်ရှင်ကလည်း လွန်ခဲ့တဲ့ နှစ် ၃၀၀ ထဲက metahumans တွေရဲ့ ဖြစ်တည်မှုကို လူသားတွေက သိရှိပြီးတဲ့ အချိန်မှာ ဇာတ်အိမ်တည်ထားမှာဖြစ်ပါတယ်။ ပြောရရင်တော့ Superman ဂြိုလ်ကနေ ယာဥ်တစ်စီးနဲ့ လွတ်လာတာတွေ၊ အသက်ကြီးတော့ အလုပ်ဝင်တာတွေကိုမပြတော့ပဲ Superman နဲ့ Clark တို့ နှစ်ဦးကြားထဲက ဖြစ်တည်မှုတစ်ခုကိုပြသမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
ဒါ့အပြင် Superman မှာ Credit Scene တစ်ခုပါဝင်မှာဖြစ်ပြီး ဒီ Credit Scene က နောက်ဆက်တွဲ တစ်ကားလား၊ ရုပ်ရှင်အသစ်နဲ့လာမှာလားဆိုတာမျိုးလည်း ပါဝင်လာပါတယ်။

image