Saw ရုပ်ရှင်တွေဟာ မူလဖန်တီးသူတွေ လက်ထဲပြန်ရောက်ပြီ
ထိတ်လန့်စရာကောင်းတဲ့ Saw ရုပ်ရှင်တွဲဟာ နောက်ဆုံးမှာ သူ့ရဲ့ ဖန်တီးသူတွေဆီကို ပြန်ရောက်သွားပါပြီ။ Horror ရုပ်ရှင်လောကမှာ နာမည်ကြီးတဲ့ Blumhouse Studio က Saw ရုပ်ရှင်တွဲကို တရားဝင်ဝယ်ယူလိုက်လို့ပဲဖြစ်ပါတယ်။
Blumhouse ဟာ M3GAN၊ Insidious၊ Five Nights at Freddy’s လို Horror ရုပ်ရှင်တွေထုတ်တဲ့ Studio အဖြစ် လူသိများပါတယ်။ သူတို့က Twisted Pictures ပိုင်ဆိုင်ထားတဲ့ Saw ရုပ်ရှင်တွဲရဲ့ ရပိုင်ခွင့်တစ်ဝက်ကို ပမာဏတစ်ခုနဲ့ ဝယ်ယူခဲ့တယ်လို့ The Hollywood Reporter က ဖော်ပြထားပါတယ်။ ကျန်တဲ့ တစ်ဝက်ကိုတော့ Lionsgate ကပိုင်နေမှာဖြစ်ပြီး အနာဂတ်ရုပ်ရှင်တွေမှာ ပါတနာအဖြစ် ဆက်ရှိနေမယ့် သဘောမှာရှိပါတယ်။
Twisted Pictures ဟာ ထုတ်လုပ်သူ Oren Koules နဲ့ Mark Burg ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး၊ Saw မှာ အစကတည်းက ပါဝင်ခဲ့တဲ့ Company ဖြစ်ပါတယ်။ Burg က Saw ဇာတ်ညွှန်းကို ပထမဆုံး ဖတ်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်ပြီး၊ ဒီဇာတ်ညွှန်းကို James Wan နဲ့ Leigh Whannell တို့က ဖန်တီးခဲ့တာဖြစ်ပါတယ်။ “၂၁ နှစ်ကြာခဲ့ပြီ၊ ကျွန်တော်တို့ James Wan နဲ့ Leigh Whannell ကို တွေ့ခဲ့ပြီး ပထမဆုံး Saw ရုပ်ရှင်ကို ငွေထောက်ပံ့ခဲ့တယ်။ အဲဒီရုပ်ရှင်က မှော်ဆန်လောက်အောင် ကောင်းပြီး၊ ကျွန်တော်တို့ရဲ့ အိပ်မက်ထက်ကျော်လွန်တဲ့ အောင်မြင်မှုကို ရခဲ့တယ်” လို့ Burg က ပြောခဲ့ပါတယ်။
အခုဆိုရင် Blumhouse Studio က Saw ရဲ့ ရပိုင်ခွင့်တစ်ဝက်ကို ဝယ်လိုက်ပြီဆိုတော့ Saw 10 ကားမြှောက်အပြီးမှာ Original ဖန်တီးသူတွေရဲ့ လက်ရာကို နောက်ပိုင်းတွေ့လာရမယ့်အနေအထားမှာရှိပါတယ်။
John Snow ရေးသားပါသည်။
