1 ပတ် - ဘာသာပြန်ပါ။

ဘတ်ဂျက် သန်း ၄၀ နဲ့ R Rate အဆင့် သတ်မှတ်ထားတဲ့ ‘Clayface’ ရုပ်ရှင်
ဒီတစ်ပတ်အစောပိုင်းက Tom Rhys Harries က DC Studios ရဲ့ Clayface ရုပ်ရှင်မှာ အဓိကဇာတ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
Clayface ရဲ့ ဇာတ်ညွှန်းကို အခုအချိန်မှာမှာ တစ်ခုလုံးနီးပါး ပြည့်စုံအောင် ပြန်ပြင်ခဲ့ကြပါတယ်။ Mike Flanagan ကတော့ ဇာတ်ညွှန်းမူကြမ်းတစ်ခု တင်သွင်းခဲ့ပေမယ့်၊ အဲဒါက အစောပိုင်းအနေအထားမှာပဲ ရှိပါသေးတယ်။
ဇာတ်လမ်းကတော့ B-movie မင်းသားတစ်ယောက်အကြောင်းဖြစ်ပြီး၊ သူကိုယ်သူ နာမည်ရှိနေဖို့ ဆေးတစ်မျိုးကို ထိုးသွင်းခဲ့ပေမယ့် ပုံပြောင်းနိုင်တဲ့ ‘Clayface’ ဆိုတဲ့ Monster လိုကောင်တစ်မျိုးဖြစ်သွားတာကိုကြည့်ရမှာဖြစ်ပါတယ်။
Clayface ကို Speak No Evil ပြန်လည်ရိုက်ကူးတဲ့ ဒါရိုက်တာ James Watkins က ရိုက်ကူးမှာဖြစ်ပြီး၊ James Gunn နဲ့ Peter Safran ရဲ့ DC Studios ကနေ လာမယ့် အောက်တိုဘာမှာ ထုတ်လုပ်မှုစတင်မယ့် နောက်ထပ်ရုပ်ရှင်တစ်ကားဖြစ်လာမှာပါ။ ရုံတင်မယ့်ရက်ကတော့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်ဖြစ်ပါတယ်။

image