ထောင်နဲ့ချီတဲ့ သရုပ်ဆောင်တွေပါဝင်လာမယ့် The Odyssey ရုပ်ရှင်
Nolan ရဲ့ The Odyssey ရုပ်ရှင်ကို Iceland မှာ ၂ ပတ်ကြာ ရိုက်ကူးနေပြီး ထောင်နဲ့ချီတဲ့ အပိုသရုပ်ဆောင်တွေ ပါဝင်မယ်လို့သိရပါတယ်။
Christopher Nolan ရဲ့ The Odyssey ရုပ်ရှင်ဟာ အခုထိ အကောင်အထည်ဖော ရိုက်ကူးနေဆဲပဲဖြစ်ပြီး အခုဆိုရင် ရိုက်ကူးရေးအဖွဲ့ဟာ Iceland ကို ရောက်ရှိသွားပြီး၊ Matt Damon၊ Zendaya နဲ့ Elliot Page တို့နဲ့အတူ ထောင်နဲ့ချီတဲ့ အပိုသရုပ်ဆောင်တွေ ပါဝင်လာမယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်ရိုက်ကူးရေးကို ဖေဖော်ဝါရီကတည်းက စတင်ခဲ့တာ၊ အခုဆို ၅ လကျော်ရှိပြီဖြစ်ပါတယ်။ အဖွဲ့ဟာ မော်ရိုကို၊ ဂရိ၊ အီတလီ၊ စကော့တလန်၊ နဲ့ Los Angeles တွေမှာ ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ဇူလိုင်မှာ အိုင်ယာလန်ကို သွားမယ်၊ အဲဒီနောက်မှာတော့ လန်ဒန်ကို ဆက်သွားမယ်လို့သိရပါတယ်။
နောက်ဆုံးသတင်းအရ The Odyssey ရဲ့ teaser တစ်ခုဟာ အဆင်သင့်ဖြစ်နေပြီး၊ Anne Hathaway က ဇာတ်ကြောင်းပြောပြထားတယ်လို့ သိရပါတယ်။ ဒီ teaser ကို ဇူလိုင်မှာ Jurassic World: Rebirth ရဲ့ ရုံတင်ပွဲတွေနဲ့အတူ တွဲပြီး ထုတ်ပြန်နိုင်တယ်လို့ ပြောကြပါတယ်။
Nolan က Homer ရဲ့ ဂန္တဝင်ဇာတ်လမ်းကို ရိုးရိုးရှင်းရှင်း ပြန်ရိုက်တာမဟုတ်ပဲ သူရဲ့ အစွမ်းအကုန်လုံးကိုသုံးပြီးရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နတ်ဘုရားတွေ၊ ဘီလူးတွေ၊ နဲ့ ဒဏ္ဍာရီဆန်တဲ့ အမူအရာတွေကိုပေါင်းပြီး အရှည်ဆုံးနဲ့ အမိုက်ဆုံးရုပ်ရှင်ဖြစ်လာအောင် ဖန်တီးနေတာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ကြာချိန်က ၃ နာရီကျော်မယ်လို့ မျှော်လင့်ရပါတယ်။
ထုတ်လုပ်ရေးဘတ်ဂျက်က ဒေါ်လာ ၂၅၀ သန်းကျော်ရှိတယ်လို့ သတင်းထွက်ပြီး၊ ရုပ်ရှင်ကို နောက်ဆုံးပေါ် IMAX ကင်မရာတွေနဲ့ ရိုက်ကူးနေတယ်လို့သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Matt Damon က Odysseus အဖြစ် အဓိကသရုပ်ဆောင်ထားပြီး၊ Tom Holland၊ Charlize Theron၊ Anne Hathaway၊ Robert Pattinson၊ Zendaya၊ Lupita Nyong’o၊ Jon Bernthal၊ Mia Goth တို့အပါအဝင် နာမည်ကြီးတွေ အများကြီးပါဝင်မယ်လို့သိရပါတယ်။ The Odyssey ဟာ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက်မှာ ရုံတင်ပြသဖို့ လုပ်ထားပါတယ်။
