#နိုင်ငံတကာသတင်း
◼နျူကလီးယားခြိမ်းခြောက်မှုကို ရပ်တန့်ရန်အီရန်ကိုတိုက်ခိုက်ရခြင်းဖြစ်ကြောင်းထရန့်ပြော
စနေနေ့(မြန်မာစံတော်ချိန်ယနေ့နံနက်အစောပိုင်း)တွင် အီရန်နျူကလီးယားစက်ရုံသုံးနေရာကို တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ နျူကလီးယား ခြိမ်း ခြောက်မှုကို ရပ်တန့်ရန် ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် က ပြောကြားသည်။
အမေရိကန်၏ ရည်ရွယ်ချက်မှာ အီရန်၏ နျူကလီးယား သိုလှောင်သန့်စင်မှု စွမ်းရည်ကို ဖျက်ဆီးခြင်း နှင့် အ ကြမ်းဖက်မှုကိုအားပေးနေသည့် ကမ္ဘာ့နံပါတ်(၁)နိုင်ငံ၏ နျူကလီးယား ခြိမ်းခြောက်မှု ကို ရပ်တန့်ရန် ဖြစ် ကြောင်း အိမ်ဖြူတော်၌စနေနေ့ ညမိန့်ခွန်းတွင်ထရန့် က ပြောကြားသည်။
“ အမေရိကန်သေဆုံးရမယ်၊အစ္စရေးသေဆုံးရမယ်’လို့အီရန်ကနှစ်ပေါင်း ၄၀ လောက် ပြောလာခဲ့တာပါ။ လမ်းမိုင်းတွေနဲ့ကျွန်တော်တို့ပြည်သူတွေကိုသတ် ဖြတ်နေတယ်၊သူတို့ရဲ့ကိုယ်လက်အင်္ဂါတွေကိုထိခိုက်ဆုံးရှုံးစေခဲ့တယ်။ အဲဒါက သူတို့ကျွမ်းကျင်တဲ့အရာပဲ၊ အမေရိကန်ပြည်သူပေါင်း ၁၀၀၀ ကျော် ဆုံးရှုံးခဲ့ရပြီး သူတို့ရဲ့ အမုန်း တရားကြောင့် အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာတဝှမ်းက လူပေါင်း သိန်းနဲ့ချီ သေဆုံးခဲ့ရပါတယ်။” ဟု ထရမ့်က ပြော ကြားခဲ့သည်။
ထို့နောက်လုပ်ကြံခံခဲ့ရသည့် အီရန် ဗိုလ်ချုပ်ကာဆမ်ဆိုလိုင်မာနီက လူအများအ ပြားကို သတ်ဖြတ်ခဲ့ ကြောင်း ထရန့်ကပြောသည်။
ဆိုလိုင်မာနီကို သုတ်သင်ရေး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အီရတ်၌ တိုက် ခိုက်မှုတစ်ခု ပြုလုပ်ရန် သမ္မတထရန့် က အမိန့်ပေးခဲ့ပြီးယင်းဆုံးဖြတ်ချက်မှာအီရန်အားဟန့်တားရန် ရည်ရွယ်ကြောင်း၎င်းက ထိုစဉ်က ပြော ကြား ခဲ့သည် ။
"ဒီလိုတွေမဖြစ်ရအောင် ကျွန်တော်ဆုံးဖြတ်ခဲ့တာ ကြာပြီ၊ ဒီလိုဆက်ဖြစ်တော့မှာမဟုတ်ဘူး။" ဟုထရန့် က စနေနေ့တွင်ပြောကြားခဲ့သည်။
ထို့ပြင်အံ့အားသင့်ဖွယ်လုပ်ဆောင်ချက်များအတွက် အစ္စရေးစစ်တပ်ကို ကျေး ဇူးတင်ကြောင်း အမေရိကန်သမ္မတ ဒေါ် နယ်ထရန့်ကပြောကြားပြီးဆယ်စုနှစ်များစွာအတွင်း ကမ္ဘာက မမြင်ဖူးသေးသောကျေနပ်ဖွယ်စစ်ဆင်ရေး အတွက် အမေရိကန်စစ်သည်များကို ချီးကျူးဂုဏ်ပြုခဲ့သည်။
“ဒီည ကျွန်တော်တို့လုပ်ခဲ့သလို လုပ်နိုင်တဲ့ စစ်တပ်ကမ္ဘာပေါ်မှာ မရှိဘူး။ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌဖြစ်တဲ့ အံ့ မခန်းစစ်ဗိုလ်ချုပ်ကြီးဒန်ရာဇင်ကိန်းနဲ့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ထက်မြက်တဲ့ တပ်မတော် သား အား လုံးကိုလည်း ဂုဏ်ပြုချင်ပါတယ်။"ဟု ထရန့်က၎င်း၏ ထိပ်တန်းစစ်ခေါင်းဆောင်ကို ချီးကျူး စကား ဆက် ပြောခဲ့ သည်။
အီရန်ကအင်အားသုံးတုံ့ပြန်လာပါကပိုမိုပြင်းထန်သည့်အမေရိကန်၏ လက် တုံ့ ပြန်မှုနှင့်ရင်ဆိုင်ရလိမ့်မည်ဟုလည်းသမ္မတထရန့်ကသတိပေးပြောကြားခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား-CNN
