2 ပတ် - ဘာသာပြန်ပါ။

ထိုင်းမြေပေါ်မှာ ပထမဆုံး TKO ရလာဒ်နဲ့ နိုင်ပွဲရတဲ့ နော်ဥမ္မာစိုး
---------
ဒီတစ်ခါတော့ မွေထိုင်းပွဲ ဖြစ်နေတာရယ် ၊ သူမရဲ့ ပုံမှန် ကစားပုံအတိုင်း ကစားတဲ့အတွက် ကြည့်ရတာ အတော်ကောင်းလွန်းပါတယ်။
တိုက်ကွက်စုံတယ် ၊ ကန်ချက် ထိုးချက် ၊ အဝင်အထွက် ပြောစရာ မရှိပါဘူး။
လက်အိတ်ထူလို့သာ ပြိုင်ဘက်က တောင့်ခံနေတာပါ။
နော်ဥမ္မာစိုးအတွက်တော့ ယုံကြည်မှုတွေ ထပ်မံ တိုးမြှင့်ပေးလိုက်တဲ့ ပွဲမျိုးပါပဲ။
ပွဲချိန်ကြာလာတာနဲ့အမျှ ထုတ်သုံးတဲ့ တိုက်ကွက်တွေက ပိုမို စုံလင်လာသလို ၊ ရစ်သမ်လဲ အတော်မိလာပါတယ်။
ကြိုးစားထား နော်ဥမ္မာစိုးရေ.......ကြည့်ရတာ အတော်လေး မိုက်လာပြီ။

image