2 w - Translate

ဘ၀မှာ ကျရှုံးပြီဆိုရင် ပြန်ပြီးရုန်းထနိုင်ရပါမယ် #စူအာဘက်
-------------
"ဆန်ဂါသစ် က လန်းဆန်းတက်ကြွပြီး ၊ ရည်မှန်းချက်ကြီးတဲ့ မျိုးဆက်သစ် ဖိုက်တာတစ်ယောက်ပါ။ အားပါတဲ့ လက်သီးထိုးချက်တွေ သုံးနိုင်တယ် ၊ ခြေကန်ချက်တွေလဲ အမိုက်စားပဲ။
စူပါရေချမ်း နဲ့ ထိုးတဲ့ပွဲက တစ်နှစ်ခွဲကျော် ပွဲဝေးနေတဲ့ အနေထားကနေ ပြန်ထိုးတာ ဆိုပေမယ့် ၊ သူ့ရဲ့ ပုံစံက အဲဒီလိုတောင် မထင်ရပါဘူး။ လှုပ်ရှားမှုတိုင်းက ပုံမှန် အတိုင်းလိုကို ညက်ညောတိကျနေတာပါ။
ကျနော်ကလဲ ရှုံးပွဲတွေ အများကြီးဆက်နေသည့်တိုင်အောင် ကိုယ့်ကိုယ်ကိုတော့ ဖိအားပေးမထားပါဘူး။ ဒီအရှုံးတွေကနေ အများကြီး သင်ယူထားပါတယ်။
နိုင်ပွဲတွေဆက်တဲ့အချိန်မှာ ချီးကျူးကြမယ် ၊ ရှုံးပွဲဆက်လာရင် ဝေဖန်ကြမယ်။ ဒါက ဖိုက်တာ တစ်ယောက်ရင်ဆိုင်ရမယ့် ဘ၀ဖြတ်သန်းမှုပါပဲ။
ဒါပေမယ့် ကျနော်ယုံကြည်တာ တစ်ခုက ဘ၀မှာ ကျရှုံးလာပြီဆိုရင် ပြန်ပြီး နိုးထနိုင်ရပါမယ်။ အဲဒီလို ပြန်ရုန်းထနိုင်အောင် ၊ တစ်ချိန်က ကိုယ်ပိုင်ဆိုင်ခဲ့တဲ့ နေရာတစ်ခု ပြန်ရအောင် ကြိုးစားနေပါတယ်"
စူအာဘလက်

image