Samsung ရဲ့ အပါးဆုံးဖုန်း Galaxy S25 Edge ကတော့ မိတ်ဆက်ပြီးကတည်းက ဂယက်တွေထနေတာ ဈေးကွက်ထဲရောက်လာပြန်တော့လည်း Bad review တွေ အများပြားတက်လာတဲ့အပြင် အခုထပ်ထွက်လာတဲ့ သတင်းတွေအရဆိုရင်တော့ S25 Edge ရဲ့ ရောင်းအားက သိပ်အခြေအနေကောင်းမနေတဲ့ပုံစံကို တွေ့နေရပါတယ်။
အတွင်းလူတွေရဲ့ပြောကြားချက်အရ ဖုန်းအသစ်တစ်လုံးဟာ စျေးကွက်ထဲရောက်ပြီး ပထမသုံးပတ်အတွင်းမှာတင် ရောင်းကောင်းကြတဲ့အပြင် Flagship မော်ဒယ်တွေဆို ပိုလို့တောင် ရောင်းအားမြင့်ကြပါတယ်။ ဒါပေမယ့် မေလကုန်မှာမှ ဈေးကွက်ထဲရောက်လာတဲ့ Galaxy S25 Edge ကတော့ မျှော်လင့်ထားတာထက် ရောင်းအားကျနေတာမို့ Samsung ဘက်ကတောင် ထုတ်လုပ်မှုပမာဏ လျှော့ချလိုက်တယ်လို့ ဆိုလာပါတယ်။
Samsung အနေနဲ့ Edge မော်ဒယ်ကို Plus မော်ဒယ်တွေ အစားထိုးအဖြစ် ထုတ်ခဲ့တာဆိုပေမဲ့ လက်ရှိအခြေအနေအရတော့ မှန်းချက်နဲ့ နှမ်းထွက် ကိုက်မနေပါဘူး။ ဒါကြောင့် Samsung အနေနဲ့ 2026 မှာ Plus မော်ဒယ်တွေကိုပဲ ထပ်ထားမလား၊ Edge Series ကိုပဲ ပိုကောင်းအောင်လုပ်လာမလား စောင့်ကြည့်ရမယ့်သဘောပါပဲ။
