2 w - Translate

”သူဖုန်းခေါ်မှာ စောင့်နေတာလား” တို့ “ညတွေဆိုတာ လွမ်းလို့ဖြစ်လာတာ” တို့ “Monday ရောက်မှာကို ကြောက်နေပြီလား” တို့ Noti တွေကျတော့ off ထားလို့လည်းမရတဲ့အပြင် ဝင်မဖတ်ရင်တောင် ပေါ်နေတာမျိုးပေါ့...
Reuters Institute ရဲ့ လေ့လာမှုအရ လူ 100 မှာ 79 ယောက်က သတင်းအချက်အလက်တွေ ပေးပို့တဲ့ Noti Alert တွေကို ပိတ်ထားလေ့ရှိတာကို တွေ့ရတဲ့အပြင် အဲဲဒီလူတွေကပဲ သတင်းတွေကို Up to date မသိရဘူးလို့ ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ 43% လောက်ကတော့ noti တွေဝင်တာက စိတ်အနှောက်အယှက်ဖြစ်တာကြောင့် ကိုယ်တိုင်ပိတ်ထားတယ်လို့ တွေ့ရပါတယ်။
Noti off ထားရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ချက်က Noti တွေ ဖောင်းပွတာကြောင့်လို့ဆိုပါတယ်။ တစ်ချို့သော သတင်းဌာနတွေက တစ်ရက်ကို 15 ခါထက် မနည်းပေးပို့ကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီသတင်းတွေဟာ အရေးကြီးတဲ့အကြောင်းအရာမပါသလောက်ရှိပြီး တခါတလေကျ သတင်းတစ်ခုကိုပဲ ထပ်ခါ ထပ်ခါပို့တာတွေလည်း ရှိပါသေးတယ်။
ဒါကြောင့် သတင်းတွေက မှန်လားမမှန်လားဆိုတာကို ဆုံးဖြတ်ရခက်ခဲရတာတစ်ကြောင်း နေ့စဉ်ဘဝမှာ အနှောက်အယှက်တစ်ခုအနေနဲ့ ဖြစ်လာရတာတစ်ကြောင်းကြောင့် ပိတ်ထားကြတာများတယ်လို့ တွေ့ရှိရပါတယ်။ ဗြိတိန်မှာဆိုရင် Google news နဲ့ Apple news တို့က တူညီတဲ့သတင်းတစ်ခုကိုပဲ 5 မိနစ်တစ်ခါ အပြိုင်ပို့နေတာကြကြောင် Noti alert တွေ ပိတ်ထားရတယ်လို့လည်း ဆိုထားကြပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာကြီးဘာတွေဖြစ်ပျက်နေသလဲချိတ်ဆက်ဖို့အပြင် အရေးကြီးသတင်းတွေဖြစ်တဲ့ မိုးလေဝသသတင်းတွေနဲ့ နိုင်ငံရေးသတင်းတွေဆိုတာကတော့ အမြဲအဆက်မပြတ်သိနေသင့်တဲ့ သတင်းတွေဖြစ်တာကြောင့် ယုံကြည်စိတ်ချရတဲ့ website တွေ Resouces တွေက Noti alert တွေကို အမြဲ On ပေးထားဖို့တော့ လိုပါလိမ့်မယ်။
အခရာပရိတ်သတ်တွေရော noti off ထားတဲ့သူတွေလား Facebook နဲ့ TikTok မှာပဲ သတင်းကြည့်ကြတဲ့သူတွေလား noti တွေနဲ့ပတ်သက်ပြီး ကောင်းလား ဆိုးလား ဘယ်လိုအမြင်တွေရှိလဲဆိုတာ ပြောသွားကြပါဦးခင်ဗျာ...

image