သောကြာနေ့မှာ ဘိုတာဖိုဂိုက ပီအက်စ်ဂျီကို အနိုင်ယူခဲ့တယ်။
စနေနေ့မှာ ဖလာမင်ဂိုက ချယ်လ်ဆီးကို အနိုင်ယူခဲ့တယ်။
ဥရောပရဲ့ ချန်ပီယံတွေကို ဘရာဇီးလ်ကလပ်တွေက အနိုင်ယူခဲ့ပြီး ရလဒ်တွေကောင်းနေတာပါ။ ကလပ်ကမ္ဘာာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းတွေ လုံး၀မရှုံးသေးဘဲ ဖလာမင်ဂိုက နောက်တဆင့်တက်ခဲ့ပြီဖြစ်ကာ ကျန်အသင်းတွေလည်း အခြေအနေကောင်းနေပါတယ်။
ရာသီဥတုပူပြင်းမှုက တောင်အမေရိကအသင်းတွေကို အားသာချက်တခုအဖြစ် ရှိနေစေခဲ့ပုံရပါတယ်။ တော်တော်လေးကို သူတို့က လုပ်ပြနေတာဖြစ်ပြီး အသင်းကြီးတွေအတွက်တော့ သတိထားရမယ့် အနေအထားပါပဲ။
