ဂျေလိဂ်ကလပ် အူရာ၀ရာနဲ့ပွဲမှာ အင်တာအတွက် မာတီနက်ဇ်က ချေပဂိုးသွင်းပေးနေတာပါ။ ထောင့်ကန်ဘောက ကန်တင်ပေးလိုက်တာကို ပြိုင်ဘက်ခံစစ်မှူးတွေကြားကနေ နောက်ပြန်ကန်ချက်နဲ့ ကန်သွင်းပြီး အဖိုးတန်ချေပဂိုးရယူပေးနိုင်ခဲ့ပါတယ်။
၁၈ ကိုက်စည်းထဲမှာဆိုရင် ကြောက်စရာကောင်းပြီး ကြုံသလိုဂိုးသွင်းနိုင်စွမ်းရှိတဲ့ မာတီနက်ဇ်ရဲ့ စွမ်းဆောင်ရည်ကောင်းပါပဲ။ ဒီဂိုးကြောင့်ပဲ အင်တာ အသက်ရှူချောင်ခဲ့ရတာပါ။ ဒါတောင်မှ အနိုင်ဂိုးကို နာကျင်အချိန်ပိုမှ သွင်းနိုင်ခဲ့ပြီး နိုင်ပွဲရခဲ့ပါတယ်။
