ငံပြာရည်ကြော်နည်း🥵🥵
🔥🔥🔥🔥
ထမင်းလည်းမြိန် ဟင်းကုန်လည်းသက်သာမယ်
ငရုတ်သီးငံပြာရည်ကြော်ကောင်းကောင်းလေးကြော်စားရအောင်ပါရှင့်
ပါဝင်ပစ္စည်းများ,
ပုစွန်ခြောက်............၁၀ကျပ်သား
ကြက်သွန်နီကြီးကြီး...၇ လုံး
ကြက်သွန်ဖြူ.............၁၀တက်
ငရုတ်သီးအစိမ်းမှုန့်....၂ဇွန်း
ငရုတ်သီးခွဲကြမ်း.......၂ဇွန်း
ငရုတ်သီးလှော်မှုန့်......၁ဇွန်း
အညာထန်းလျက်မဲ.....၇ လုံး
သကြား....................၁ဇွန်း
မန်ကျည်းသီးမှည့်အနှစ်.၃ဇွန်း
ပုစွန်ငံပြာရည်ကောင်း..အကြမ်းပန်းကန်၁လုံး
(ကျွန်တော်ကယိုးဒယားကင်းမွန်ငံပြာရည်သုံးတယ်)
ပထမဆုံးပုစွန်ခြောက်တွေကိုရေနွေးစိုရုံလေး
ရေစိမ်ပြီး ၊ ပွလာပါက ထောင်းပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုတ်စိမ်းမှုန့်တို့ကိုရောပြီးခပ်ကြမ်းကြမ်းလေးထောင်းပါ။
အညာထန်းလျက်မဲကို ပါးပါးလှီးပြီး၊သကြား၊
မန်ကျည်းမှည့်အနှစ်တို့နှင့်ရောကာပျော်အောင်ဖျော်ထားပါ။
ဒယ်အိုးတစ်လုံးမှာ ဆီ ၁၅ကျပ်သားခန့်ကိုအပူပေးပြီးထောင်းထားတဲ့ကြက်သွန်အရောကို
နနွင်းမှုန့်လေးအနည်းငယ်နှင့်အတူဆီသပ်ပါ။
မွှေးပြီး နွမ်းလာလျှင်ထောင်းထားတဲ့ပုစွန်ခြောက်တွေထည့်ကြော်ပါ။
ဒီအချိန်မှာမီးရှိန်လျှော့ချပြီးပုစွန်ခြောက်တွေဆီထဲမှာအမြှုပ်တွေထလာသည်အထိစိတ်ရှည်ရှည်နဲ့ကြော်ပါ။
မွှေးလာပြီဆို ငရုတ်သီးခွဲ ကြမ်းဖတ်တွေထည့်မွှေပါ။(ငရုတ်ကြမ်းဖတ်အတွက် အနီရောင်အပွတောင့်ကိုစက်နဲ့ကြိတ်တော့ အစပ်မပြင်းပါဘူး)
ငရုတ်ကြမ်းဖတ်တွေမွှေးလာပြီဆိုမှ ငရုတ်သီး
အလှော်မှုန့်ကိုထည့်ပါ။
** ပုစွန်ခြောက်ထည့်ချိန်မှစတင်ပြီး ငရုတ်သီးနှစ်မျိုးထည့်ပြီးမွှေချိန်အထိမီးရှိန်လျှော့ပြီးအထူးဂရုစိုက်ပေးရပါမယ်။
ထန်းလျှက်နှင့်မန်ကျည်းမှည့်ရည်အနှစ်ထည့်
မွှေပါ။
အားလုံးနှံ့သွားအောင်မွှေပေးပြီး ငံပြာရည်
လောင်းထည့်ပါ။
မီးရှိန်အေးအေးလေးမှာ မွှေးသွားသည်အထိ
ကြော်ပေးပါ။
အရသာမြည်းကြည့်တော့ ပျော့အိအိလေးခံစားရပြီး ဘာလချောင်ကြော်ဝါးရင်း မန်ကျည်း
ရည်သောက်နေရသလို ချို ၊ချဉ် ၊ ငံ ၊ စပ် ၊ မွှေးမွှေးလေးနဲ့ လျှာက ခံတွင်းအပြင်ဖက်ခုန်
ထွက်လာမတောင်မပြောနိူင်တဲ့ လျှာခုန်နေ မှုမျိုးလေးကို အမှန်တကယ်ခံစားရမှာပါ။
💟💟💟💟💟💟💟💟💟💟💟💟💟
သက်သက်လွတ်ငံပြာရည်ငပိချက်
====================
ဒါလေးကတော့ ငါးပိ၊ ငံပြာရည်မပါရင် ထမင်းမမြိန်တတ်တဲ့သူတွေအတွတ် အတော်လေးအဆင်ပြေစေတဲ့ သက်သတ် လွတ်အရံဟင်းတစ်မည်ပါရှင်။
ပါဝင်ပစ္စည်းများ
သကြား - စားပွဲဇွန်း ၂ ဇွန်း
ဆား - စားပွဲဇွန်း ၁ ဇွန်း
ဆီ - ၂ ကျပ်ခွဲသား
ငရုတ်ခွဲခြမ်း - စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်နီကြော် - အကြမ်းပန်းကန် ၁ လုံးခွဲ
ကြက်သွန်ဖြူ - ၂ ဥ
နနွင်း - အနည်းငယ်
အရသာမှုန့် - အနည်းငယ်
ချက်နည်း
အရင်ဆုံး ဆားကို ပြာလာသည်အထိ လှော်ပြီး ဆယ်ထားပါ။ ဒယ်အိုးပူထဲ သကြားထည့်ပြီး လှော်ပါ။သကြားတွေ အရည်ပျော်ပြီး ညိုလာလျှင် လှော်ထား
သော ဆားပြန်ထည့်ပါ။ ရေနွေးအကြမ်း ပန်းကန် ၃ လုံးခန့် ထည့်ပြီး ပွက်ပွက် ဆူလာလျှင် မီးဖိုပေါ်မှ ချထားပါ။ ငံပြာရည်ရပါပြီ။ ကြက်သွန်ဖြူကို ထောင်းပြီး နနွင်းအနည်းငယ်နှင့်အတူ ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် ငရုတ်ခွဲ ခြမ်း ထည့်ပါ။ ကျိုထားသော ငံပြာရည်ထည့်ပါ။ ကြက်သွန်နီကြော်များ ခြေထည့်ပါ။ အရသာမှုန့်အနည်းငယ်ထည့်ပါ။ မပျစ်မကျဲ အနေထားရရင် ရပါပြီ။
💌💌💌💌💌💌💌💌
Credit

image