#သင်္ဘောမညိုးပင်( ကညွတ်ပန်း ၊ ပန်းကညွတ်)
🌿သင်္ဘောမညိုးပင်သည် မြန်မာပြည်အနှံ့ အလေ့ကျအဖြစ်၎င်း စိုက်ပိုးပင်အဖြစ်၎င်း ပေါက်ရောက်ပါသည်၊ အပင်၏ ပဉ္စငါးပါးလုံးကို ဆေးဖက်အဖြစ် အသုံးပြုကြပါသည်။
🌿၎င်းအရွက်၏ သတ္တုရည်သည် အဆိပ်ရှိသော သတ္တဝါငယ်များ ကိုက်ခြင်း၊ တုပ်ခြင်းတို့တွင် သုတ်လိမ်းပေးပါက အဆိပ်ပြေစေသည်၊
🌿၎င်း၏ ပဉ္စငါးပါးသည် ဆီးချိုရောဂါကို ပယ်ပျောက်စေသည်၊
🌿 အရွက်သတ္တုရည်သည် ရိနာ၊ ညောင်းဆင်း၊ သွေးဖြူဆင်း၊ မီးယပ်လွန်ခြင်းတို့ကို ပျောက်စေပါသည်။
🌿သင်္ဘောမညိုးပင် ပဉ္စငါးပါး ၄ ကျပ်သားကို ရေသန့် ၅၀ ကျပ်သားနှင့် မြေအိုးတွင်ထည့်ပြီး ၃ ခွက် ၁ ခွက်တင် ကျိုပါ၊ ၎င်းအရည်ကို တနေ့တည်းကုန်အောင်သောက်ပါ ဤနည်းဖြင့် ၇ ရက်သောက်ပါက ဆီးချိုရောဂါကို သက်သာပျောက်ကင်းစေသည်။ကြာရှည်စွဲသောက်ပါက သွေးချိုရောဂါ ပျောက်ကင်းစေပါသည်။
🌿အရွက်ကိုပြုတ်၍သော်၎င်း အပွင့်ကို သုပ်၍သော်၎င်း တို့စရာအဖြစ် ဆီးချိုရောဂါသည်များ စားပေးနိုင်သည်။
🌿မီးယပ်သွေး အဆင်းလွန်လျှင် ၎င်းအရွက် ၃ ကျပ်သားကို ထုခြေ၍ ရေ ၅၀ ကျပ်သားနှင့် တညစိမ်ထားပြီးလျှင် ၎င်းစိမ်ရည်ကို တနေ့ ၃ ကြိမ်သောက်ပေးရပါသည်။
🌿အဆိပ်ရှိသော အကောင်ငယ်များ ကိုက်ပါက အရွက်သတ္တုရည်ကို လိမ်းပေးရပါသည်၊ ကြိတ်ဖတ်ကို ဆား၊ ကျောက်ချဉ် တို့နှင့် နယ်ပြီးဒဏ်ရာပေါ် အုံပေးရပါသည်။
🌿သင်္ဘောမညိုး ပဉ္စငါးပါးသတ္တုရည် ၃ ကျပ်သား၊ ပျားရည် ၁ ကျပ်သားရောစပ်၍ မီးနွေးနွေးနှင့်ချက်ပြီး တနေ့ ၁ ကြိမ်မှ ၃ ကြိမ်ထိသောက်ပေးပါက အသည်းသွေးအားနည်းရောဂါ၊ အသည်းကြွပ်ရောဂါများ သက်သာ ပျောက်ကင်းစေပါသည်။
🌿သင်္ဘောမညိုး ပဉ္စငါးပါး ၃ကျပ်သားကို ရေ ၁၀ ကျပ်သားရောစပ်ပြီး မီးနွေးနွေးနှင့်ချက်၍ တနေ့ ၂ ကြိမ်သောက်ပေးပါက သွေးဖြူဥ များသောရောဂါ ပျောက်ကင်းစေပါသည်။
🌿 သင်္ဘောမညိုး ပဉ္စငါးပါးသတ္တုရည်ကို မီးနွေးနွေးနှင့်ချက်ပြီး တနေ့ ၁ကြိမ်မှ ၃ကြိမ်အထိ ငုံထွေးပေးပါက သွားဖုံးသွေးကျ၊ သွေးယိုရောဂါများ သက်သာ ပျောက်ကင်းပါသည်။
🌿သင်္ဘောမညိုး ပဉ္စငါးပါးသတ္တုရည်ကို အပူလောင်၊ ရေနွေးလောင်၊ မီးလောင်ဒဏ်ရာများအား မကြာခနလိမ်းပေးပါက သက်သာပျောက်ကင်းပါသည်။


