7 w - Translate

ဥရောပဗိုလ်လုပွဲ ၇ ပွဲကစားပြီး ၇ ပွဲစလုံးနိုင်ခဲ့တဲ့ ကက်စ်မဲရိုးဟာ ၈ ပွဲမြောက်မှာတော့ အရေးနိမ့်သွားခဲ့ပါပြီ။ ယူနိုက်တက်နဲ့အတူ ပထမဆုံးအကြိမ် ဥရောပဗိုလ်လုပွဲကို ကစားခဲ့ရာမှာ သူရှုံးနိမ့်ခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ ဆက်တိုက်ခြေစွမ်းပြခဲ့တဲ့ ကက်စ်မဲရိုးဟာ ညက စပါးနဲ့ပွဲမှာတော့ ပုံမှန်ခြေစွမ်းသာ ပြနိုင်ခဲ့ပါတယ်။
လိုင်ယွန်၊ ဘီလ်ဘာအိုတို့နဲ့ပွဲတွေမှာ ဖန်တီးမှုတွေ၊ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပေမယ့် စပါးနဲ့ပွဲမှာ သူ မလုပ်နိုင်ခဲ့ပါဘူး။ Tank ကြီးတယောက် တော်တော်လေးစိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ရပါတယ်။ မှတ်တမ်းကောင်းတခုလည်း ကျိုးပျက်ခဲ့ရပြီဖြစ်ပြီး အသင်းနဲ့အတူ အဆိုးရွားဆုံးဘောလုံးရာသီကို ရင်ဆိုင်လိုက်ရပါတယ်။

image