7 ပတ် - ဘာသာပြန်ပါ။

ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်တွင် မီးလောင်မှုဖြစ်ပွား

(မှုခင်း) မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၄)ရပ်ကွက်၊ ပန်းခြံလမ်းရှိ ပိုင်ရှင် ဦးကျော်ဦး၏ “AKB” ဆိုးပြားစက်ရုံ ဝန်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၄)ရပ်ကွက်၊ ပန်းခြံလမ်းတွင် ပိုင်ရှင် ဦးကျော်ဦး၏ “AKB” ဆိုးပြားစက်ရုံဝန်းအတွင်းရှိ (၁၅x၄၅)ပေ၊ အုပ်ညှပ်(၂)ထပ် အဆောက်အဦ နောက်အဖီအတွင်း ရာဘာစက်မှထွက်ရှိသည့် ရာဘာပြားများ ထပ်ထားရာမှ မေလ ၁၉ ရက်နေ့၊ နံနက် ၁ နာရီ ၃၅ မိနစ် အချိန်ခန့်က အောင်းပူဖြစ်ပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနေရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၃)စီး၊ ရေသယ်ယာဉ်(၈)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၃ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် (၁၅x၄၅)ပေ၊ အုပ်ညှပ်(၂)ထပ် အဆောက်အဦ(၁)လုံး၊ (၁၅x၃၀)ပေ၊ နောက်အဖီနှင့် ကုန်ကြမ်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

image