7 ပတ် - ဘာသာပြန်ပါ။

𝗖𝗵𝗮𝗽𝘁𝗲𝗿 𝟮_______𝗟𝗶𝘃𝗲 𝘂𝗽 𝘄𝗶𝘁𝗵 𝘁𝗵𝗲 𝗡𝗮𝗺𝗲

၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်​နေ့မှာ Camaro ကို ဒီထရိုက်မြို့၊ သတင်းစာရှင်းလင်းပွဲတွင် စတင်မိတ်ဆက်ပြီး ၇ ရက်​ကြာ၊ စက်တက်ဘာလ ၁၉ ရက်​နေ့မှာ ​လောစ့် အန်ဂျလိစ်မြို့တွင် ထပ်မံမိတ်ဆက်ခဲ့ပါတယ်။ ​ရောင်းချမယ့်​မော်ဒယ်အတွက် လူသိထင်ရှား ပွဲထုတ်မှုကို​တော့ စက်တင်ဘာ ၂၆ ရက်​နေ့တွင် ကျင်းပပြီး အားလုံး​စောင့်​မျှော်​နေကြတဲ့ Camaro ကို စက်တင်ဘာ ၂၉ ရက်​နေ့မှာ စတင်ရောင်းချခဲ့ပါတယ်။ ထုတ်လုပ်မှုက ၁၉၆၆ ကတည်းက ဆို​​ပေမယ့် Model Year ကိုတော့ ၁၉၆၇ ခုနှစ်​မော်ဒယ်လို့ ​ဖော်ပြထားပါတယ်။ Chevy Nova ​ပေါ်မှာ အ​​ခြေခံတည်​ဆောက်ထားပြီး 2+2 coupe၊ Convertible အစရှိသဖြင့် မြင်​တွေ့​နေကြ body style ​တွေနှင့် ​ရောင်းချခဲ့ပါတယ်။ သို့​ပေမယ့် အခုလို coupe ရယ်လို့ ဖြစ်မလာခင် Camaro က station wagon ဖြစ်ခဲ့ပါ​​သေးတယ်။ စတင်​ရောင်းချတဲ့ ပထမမျိုးဆက်မှာတင် အင်ဂျင် (၈) မျိုးအထိ ​ရွှေးချယ်မှု​ပေးထားခဲ့တယ်ဗျ။

𝖲𝗍𝖺𝗇𝖽𝖺𝗋𝖽 𝖬𝗈𝖽𝖾𝗅 𝗂𝗇𝗅𝗂𝗇𝖾-6
________________________
• 230 cu in (3.8L) L26
• 250 cu in (4.1L) L22

၁၉၆၀-၇၀ ​လောက်က inline-6 ဆို​တော့ power figure ကလည်း တစ်ရာ​ကျော်ရုံ​လေးတင်ရှိပါတယ်။ အနည်းငယ်ပျင်းဖို့​တော့ ​ကောင်းတာ​ပေါ့​နော်၊ သို့​ပေမယ့် ဒီ standard model ​က ပထမမျိုးဆက်ကို ထုတ်လုပ်ခဲ့တဲ့ ၂ နှစ်အတွင်း အစီး​ရေနှစ်သိန်း​​ကျော်မှာ တစ်သိန်းနှစ်​သောင်း​လောက် သူတို့​တွေချည်းဘဲဗျ။
(cu in = ကုဗစ်လက်မ)

𝖵8 𝖮𝗉𝗍𝗂𝗈𝗇𝗌
________________________
• 302 cu in (4.9L) Z28
• 307 cu in (5.0L) L14
• 327 cu in (5.4L) L30
• 350 cu in (5.7L) L65
• 396 cu in (6.5L) L34
• 427 cu in (7.0L) ZL1

V8 Camaro ​တွေထဲ ကိန်းဂဏန်းများစွာရှိလို့ ​တော်​တော်​လေး​တော့ ရှုပ်ပါတယ်။ Trim Level ​တွေမှာ RS (𝘳𝘢𝘭𝘭𝘺 𝘴𝘱𝘰𝘳𝘵), SS(𝘴𝘶𝘱𝘦𝘳 𝘴𝘱𝘰𝘳𝘵) နှင့် Z28(𝘱𝘦𝘳𝘧𝘰𝘮𝘢𝘯𝘤𝘦) ဆိုပြီး သုံးမျိုးရှိပါတယ်။ ပြင်ပ ​ပြောင်းလဲမှု​တွေဆိုရင် အင်ဂျင်အရွယ်အစားကွာသွားမယ်၊ headlights နှင့် ဒီဇိုင်းအနည်းငယ်​လေးကွာသွားမယ်​ပေါ့၊ Transmission ​တွေက​တော့ 2 speed က​နေ 4 speed auto (or) manu​al ဆိုပြီး ​​ရွေးချယ်ခွင့်​ပေးထားပါတယ်။ Z28 အင်ဂျင်က 302 cu in (4.9L) ဖြစ်ပြီး Boss 302 Mustang ရဲ့ နှစ်​ယောက်မရှိ​သော ပြိုင်ဘက်ဖြစ်ပါတယ်။ ပထမမျိုးဆက်ရဲ့ Camaro Z28 ​မော်ဒယ်ကို အစီး​ရေ ၆၀၂ စီးတည်းသာ တည်​ဆောက်​ရောင်းချ​ပေးခဲ့ပြီး utlimate model လို့ ​ခေါ်ဆိုထိုက်ပါတယ်။ Z28 မှာ ဘာ Chevy ရဲ့ နာမည်​ကျော် Small Block V8 (အမည် = Turbo Fire) ပါဝင်ပြီး 290hp၊ 290 lb-ft of torque ကို ထုတ်လုပ်​ပေးနိုင်ပါတယ်။ ၇၀ ခုနှစ်က ကားတစ်စီးအတွက် ဒီ​လောက်မြင်း​ကောင်​ရေအားက မဆိုးဘူးလို့​ပြောရမယ်ဗျ၊ 0-60 ကို ၇.၇ စက္ကန့်ဆိုတာကလည်း သူ့​ခေတ်သူ့အခါက အ​တော်အသင့်မြန်​သေးတဲ့အတွက် Z28 Camaro ​တွေက ​​အောင်မြင်ခဲ့ပါတယ်။ Z28 က 0-60 မှာ Boss 302 Mustang ကို ယှဥ်ပြိုင်နိုင်ခြင်းမရှိ​သော်လည်း Mustang Shelby GT500 ကို​တော့ ZL1 (7.0L)မှ မြင်း​ကောင်​ရေ ၁၀၀ ​လောက်အသာနှင့် အနိုင်ယူနိုင်ပါတယ်။ ZL1 ကို စာဖတ်သူ​လည်း မြင်ဖူးလောက်မယ်ဆို​ပေမယ့် ၁၉၆၉ ခုနှစ်ထုတ် မူလမျိုးဆက်မှ ZL1 Camaro က​တော့ ယ​နေ့​ခေတ်မှာ မြင်နိုင်ဖို့ခက်ခဲပြီး အ​တော်​လေးရှားပါး​နေပါပြီ။

image