ပေါ်တူဂီယူ၁၅ အတွက် ဂျူနီယာရော်နယ်ဒိုက ဂိုးတွေစသွင်းလိုက်ပါပြီ။ ဂျပန်၊ အင်္ဂလန်တို့နဲ့ပွဲတွေမှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ ဂျူနီယာဟာ ခရိုအေးရှားနဲ့ပွဲမှာ ၂ဂိုးသွင်းပေးပြီး ပေါ်တူဂီကလည်း ၃-၂ နဲ့ အနိုင်ရခဲ့ပါတယ်။ ဂျူနီယာအတွက်တော့ လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုးတွေ ဖြစ်လာခဲ့ပါပြီ။
စူးဝီးအောင်ပွဲခံဟန်ကို လုပ်ပြသွားခဲ့ပြီး ရော်နယ်ဒိုအသေးစားလေးကို ပရိသတ်တွေမြင်တွေ့ခဲ့ရပါတယ်။ ဘောလုံးကင်းထောက်တွေ အများကြီးပဲ သူ့ကို စောာင့်ကြည့်နေတာဖြစ်ပြီး ရှေ့နှစ်ပွဲမှာ ဂိုးမရခဲ့တဲ့ ဂျူနီယာက ကင်းထောက်တွေရဲ့ စိတ်ဝင်စားမှုကို ပိုမြှင့်တင်နိုင်ခဲ့ပါတယ်။
သူ့ကိုပွဲတိုင်းလိုက်အားပေးနေတဲ့ အဖွားဖြစ်သူကတော့ ပွဲကြည့်စင်ပေါ်မှာ အကြီးအကျယ်ကို ပျော်ရွှင်နေခဲ့တာပါ။ ရော်နယ်ဒိုလည်း သားဖြစ်သူအတွက် ကျေနပ်ဂုဏ်ယူနေမှာ သေချာပါတယ်။
