8 w - Translate

❝ အိုဒင်တို့၊ သောရ်တို့၊ လိုကီ ❞ တို့လို
နော့စ်ဒဏ္ဍာရီမှာပါတဲ့ နာမည်တွေနဲ့က
၂၀၁၀ ခုနှစ် နောက်ပိုင်းထွက်တဲ့
သောရ် ရုပ်ရှင်နဲ့ #marvel_cinematic_universe
မတိုင်ခင်ထိ နားစိမ်းပါတယ်။ မာဗယ်လ်က
ထုတ်တဲ့ ကောမစ်တွေကို ဖတ်ဖူးတဲ့
လူငယ်တချို့က လွဲလို့ပေါ့။ နော့စ်ဒဏ္ဍာရီတွေကို
နားစိမ်းရတဲ့ အကြောင်းရင်းထဲမှာ ဒီအကြောင်းနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်း၊ အကိုးအကားတွေ
နည်းတာလည်း ပါပါတယ်။ အထူးသဖြင့်ယမြန်မာဘာသာနဲ့ ရေးထားတဲ့ စာအုပ်တွေ
တစ်ခါမှကို မတွေ့ဖူးခဲ့တာပါ။
ကျွန်တော်ကိုယ်တိုင်
နော့စ်ဒဏ္ဍာရီအကြောင်း သိချင်လို့
မြန်မာပြည်မှာ လိုက်ရှာတဲ့အခါ မြန်မာဘာသာနဲ့ ရေးထားတဲ့စာအုပ်တွေရှာလို့မရပါဘူး။
နိုင်ငံတကာက စာကြည့်တိုက်တွေမှာ
ရှာတာတောင် စာကြည့်တိုက်တိုင်းမှာ
စုံစုံလင်လင်မရှိတာ တွေ့ရပါတယ်။
အချိန်ယူပြီး စာရေးသူမျိုးစုံရဲ့ နော့စ် ဒဏ္ဍာရီနဲ့ ပတ်သက်သမျှ စာအုပ်တွေကို ဖတ်ပြီးတဲ့နောက်
အဓိကပါတဲ့ ဇာတ်လမ်းတွေကို ဆွဲထုတ်ပြီး
ကိုယ်ပိုင်ဟန်နဲ့ ပြန်ရေးဖြစ်ပါတယ်။
တိုက်ရိုက်ဘာသာပြန်တာ မဟုတ်ဘဲ
စာအုပ်အမျိုးမျိုးမှာ ရေးထားသမျှကို
စုံနိုင် သမျှစုံအောင် ထည့်ပြီး ကျွန်တော်
နှစ်သက်တဲ့ပုံစံမျိုး ပြန်ရေးထားတာပါ။
နတ်ဘုရားတွေ စပြီး ပေါ်ပေါက်လာပုံ၊
သူတို့ မိသားစုဝင်တွေအကြောင်း၊
စွန့်စားခန်းတွေနဲ့ စစ်ပွဲတွေအကြောင်း၊
ဘယ်လို အဆုံးသတ်မလဲ ဆိုတဲ့ အကြောင်းတွေကို အဓိကဇာတ်လမ်း (Main story) အနေနဲ့ပေါ့။
▪️စာရေးသူ၏ စကား / မှ

image