ဒါရိုက်တာ Christopher Nolan ရိုက်ကူးတဲ့ Interstellar ရုပ်ရှင်ထဲက သဲမုန်တိုင်းကိုမှတ်မိကြဦးမယ်ထင်တယ် ။ အဲ့ဒီသဲမုန်တိုင်းဟာ CGI နဲ့လုပ်ထားတာမဟုတ်ပါဘူး ။
Christopher Nolan ဟာ သဲမုန်တိုင်းကိုဖန်တီးဖို့ မြို့တစ်မြို့ကိုငှားပြီး သဲတွေကို လေထဲမှာ ပြန့်ကြဲကာ ပန်ကာအကြီးကြီးတွေနဲ့ မှုတ်ပြီး သဲမုန်တိုင်းကိုဖန်တီးခဲ့တာပါ ။
ရိုက်ကူးပြီးတဲ့နောက်မှာတော့ Production အဖွဲ့တွေဟာ မြို့တစ်မြို့လုံးကို ပြန်ပြီးသန့်ရှင်းရေးလုပ်ပေးခဲ့ပါတယ် ။
