8 w - Translate

ကျွန်တော်တို့ ကားဝါသနာရှင်များအနေနှင့် လူတိုင်းအလွယ်သိထားကြတဲ့အရာတစ်ခုက "BMW လိုဂိုဟာ သူ့ရဲ့ မူလစီးပွားရေးလုပ်ငန်းဖြစ်တဲ့ လေယာဉ်အင်ဂျင်ထုတ်လုပ်ရေးနှင့် လေယာဉ်ဆောက်လုပ်ရေးလုပ်ငန်းကို အစွဲပြုတဲ့အနေနှင့် Brand Logo အား လေယာဉ်ပန်ကာလည်နေတဲ့ ပုံစံဖြစ်အောင် ဖန်တီးပေးထားတယ်" ဆိုတဲ့ သီအိုရီဘဲဗျ၊ သီအိုရီဆိုတာထက် ဒီအတိုင်း လူပြောများရင်း တကယ်အမှန်လို့ယုံကြည်သွားကြတဲ့ ယုံတမ်းစကားတစ်ခုပေါ့။ တကယ့်လက်တွေ့မှာ ဂျာမန်ကားထုတ်လုပ်သူ: BMW (ခေါ်) Bavarian Motor Works ရဲ့ လိုဂိုဆင်းသင်လာပုံဟာ လေယာဉ်နှင့်လားလားမှကို မသက်ဆိုင်ပါဘူး။
BMW ရယ်လို့ဖြစ်မလာခင် မူလအစဖြစ်တဲ့ Otto Flugmaschinenfabrik (အော်ထိုဖလုဂ်မက်ရှင်းနာဖားဘရစ်ခ်) ကုမ္ပဏီကို ၁၉၁၀ ခုနှစ်မှာ Gustav Otto (ဂူစတာ့ဖ် အော်ထို) ဆိုတဲ့ ဂျာမန်လေကြောင်းအင်ဂျင်နီယာတစ်ယောက်မှ စတင်တည်ထောင်ခဲ့ပြီး လေယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၁၉၁၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ရောက်ကာမှ Bayerische Flugzeugwerke (ဒါမှမဟုတ်) Bavarian Plane Manufacturing BFW ဆိုတဲ့ အမည်ကို ပြောင်းလဲခဲ့ပြီး ၁၉၂၈ ခုနှစ်မတိုင်ခင်အထိ မော်တော်ကားထုတ်လုပ်ရေးကို စတင်ခဲ့ခြင်းမရှိပါဘူး။ ကားလ်ရပ်ပ် (Karl Rapp) အမည်ရှိ ဂျာမန်အင်ဂျင်နီယာတစ်ယောက်ရဲ့ Rapp Motorenwerke GmbH ကုမ္ပဏီပိုင်ဆိုင်မှုများကို ၁၉၂၂ ခုနှစ်မှာ BFW ဆီလွဲပြောင်းလိုက်ကာမှ Bavarian Motor Works - BMW ရယ်လို့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
Rapp Motorenwerke GmbH ကနေ BMW အဖြစ် တရားဝင်စတင်ပြောင်းလဲချိန်မှာ ဘာလိုဂို၊ ဘာ branding မှ မရှိခဲ့ပါဘူး။ ဆိုတော့ Rapp Motorenwerke GmbH တည်ရှိတဲ့ မြူးနစ်မြို့ဟာ ဂျာမနီနိုင်ငံတောင်ပိုင်း၊ ဘာဗေးရီးယားပြည်နယ်ရဲ့ (Bavaria) မြို့တော်ဖြစ်သည့်အလျောက် ဘာဗေးရီးယားပြည်နယ်အလံကို အစွဲပြုရင်း အဖြူနှင့်အပြာကို အဓိကသုံးဖို့ စိတ်ကူးမိခဲ့ကြတယ်ဗျ။
ကုမ္ပဏီဟောင်း Rapp Motorenwerke GmbH ရဲ့ လိုဂိုအတိုင်း စက်ဝိုင်းပတ်လည်မှာ အမည်းရောင်စက်ကွင်းဝိုက်ထားတဲ့ပုံစံ ပြန်လည်ဆန်းသစ်ဖန်တီးထားပြီး အတွင်းစက်ပိုင်းက အပြာအဖြူပြောင်းပြန်ဖြစ်နေရခြင်းမှာ ဘာဗေးရီးယားပြည်နယ်အမျိုးသားရေးနှင့် အခြားဆက်စပ် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ကြေငြာစည်းကမ်းများကြောင့်ဖြစ်ပါတယ်။
လေယာဉ်ပန်ကာကို အစွဲပြုတယ်ဆိုတဲ့ ယုံတမ်းစကားကလည်း ၁၉၂၉ ခုနှစ်မှာ ဖြန့်ဝေခဲ့တဲ့ BMW ကြော်ငြာတစ်ခုမှာ လေယာဉ်နှစ်စီးရဲ့ ရှေ့ပန်ကာလည်နေပုံက BMW Logo အရိပ်ပြေးနေပုံနှင့်တူအောင် ဖန်တီးခဲ့တာကြောင့် “BMW လိုဂိုက လေယာဉ်ပန်ကာလည်နေပုံကနေ ဆင်းသက်လာတယ်” ဆိုပြီး လူပြောများလာခဲ့တာပါ။ (ကြေငြာပုံအား cmt section တွင် ကြည့်ရှုပေးပါရန်)
ဒါဆို စာဖတ်သူက "BMW လိုဂိုက လေယာဉ်ပန်ကာကနေ ဆင်းသက်လာလုံးဝမဟုတ်ဘူးပေါ့" လို့ ကျွန်တော့်ကို မေးပြန်ရင်လည်း နည်းနည်းလေးတော့ ဖြေရခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် လိုဂိုမူလအခြေတည်ရာက လေယာဉ်ပန်ကာမဟုတ်ပေမယ့် BMW လိုဂိုအဓိပ္ပါယ်မှာတော့ အတွင်းအပြာအဖြူစက်ဝိုင်းစိတ် (၄) စိတ်က လေယာဉ်ပန်ကာများကို ကိုယ်စားပြုထားခြင်းဖြစ်ကြောင်း BMW တရားဝင်ဝဘ်ဆိုက်မှာ အတိအလင်းဖော်ပြထားလို့ဗျ။ ဆိုတော့ ရှင်းမလိုလိုနှင့် ရှုပ်နေတဲ့ BMW လိုဂိုအကြောင်းကို ဒီနေရာမှာတင်ရပ်လိုက်ပါတော့မယ်။

image