#ပြည်တွင်းသတင်း
◼မန္တလေး၌ငလျင်ဒဏ်သင့်အဆောက်အအုံများပြင်ဆင်ရာတွင် အင်ဂျင်နီယာထောက်ခံချက်လိုဟုဆို
မန္တလေးမြို့၌ ငလျင်ဒဏ်သင့်လိမ္မော်ရောင်နှင့်အနီရောင်အဆင့်အဆောက်အအုံများပြင်ဆင်ရာတွင် လိုင်စင်ရအင်ဂျင်နီယာ၏ထောက်ခံချက်လိုအပ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံမှသိရသည်။
မန္တလေးမြို့ရှိ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နှင့် အမရပူရ အစရှိသည့်မြို့နယ်များ၌ လိမ္မော်ရောင်နှင့်အနီရောင်အဆင့်သတ်မှတ်ခံရသည့် အဆောက်အအုံပိုင်ရှင်များအနေဖြင့် အဆောက်အအုံများကိုပြန်လည်ပြင်ဆင်လိုပါက PE,RSE လိုင်စင်ရအင်ဂျင်နီယာများ၏ထောက်ခံချက်ပါသော ပြင်ဆင်ရမည့် Method Statement နှင့်အတူ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့်ကုန်ရုံဌာနသို့ ပြန်လည်လျှောက်ထား ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆောက်အအုံများပြန်လည်ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအရအရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ထံမှသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD/လူမှုကူညီရေးအဖွဲ့များ
