8 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာလုပ်သားများခေါ်ယူရန် ဂျပန်ကုမ္ပဏီများ ကမ်းလှမ်း
ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သားများကို တရားဝင်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၃၁ဝ ခုဖြင့်ဖိတ်ခေါ်ထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကထုတ်ပြန်ထားသည်။
မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသို့စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ မြန်မာသံရုံးတိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်းစိစစ်ပေးလျက်ရှိရာ ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်အထိလက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၃၁ဝ ခုနှင့် ပတ်သက်သည့် အချက်အလက်များကို အသိပေးထုတ်ပြန်အပ်ကြောင်း ဖော်ပြထားသည်။

image