ဘာစီလိုနာတို့ လာလီဂါချန်ပီယံဖြစ်သွားတော့ ဂန္တဝင်ကြီးမက်ဆီဟာ ပျော်မဆုံးဖြစ်နေတယ်။ ချက်ချင်း ဆိုရှယ်မီဒီယာကနေ အောင်ပွဲခံနေတယ်။ ဆွာရက်ဇ်လည်း အတူတူပါပဲ။
ဆက်လက်ပေါင်းဖက်ဖို့ မဖြစ်နိုင်ဆုံးအခြေအနေမို့သာ လမ်းခွဲလိုက်ရတယ်။ လီယိုဟာ ဘာစီလိုနာနဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမှ မေ့ဖျောက်နိုင်မှာ မဟုတ်သလို ပရိတ်သတ်တွေသည်လည်း လီယိုမက်ဆီ ရဲ့ အငွေ့အသက်တွေကို သတိရမြဲရနေဦးမှာပါ။
ဘယ်ဆီကိုပဲ ဝေးသွားပါစေ၊ ဘာစီလိုနာကို ပြန်လာမယ့်အကြောင်း အမြဲတမ်းသီကုံးတတ်တဲ့ မက်ဆီ အဖို့ ဘာစီလိုနာနဲ့ အမှတ်တရတွေကို မေ့ပစ်နိုင်မှာမဟုတ်ပါဘူး။
